ပုံမှန်မီးရှို့ရာယဇ်ကိုလည်း ပူဇော်ကြ၏။ ထို့ပြင် လဆန်းနေ့များ၊ ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များဆိုင်ရာ ပူဇော်သက္ကာများနှင့် ထာဝရဘုရားအား စေတနာအလျောက် အသီးသီးပေးလှူသောပူဇော်သက္ကာများကိုလည်း ပူဇော်ကြ၏။
ဧဇရ 3:6 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမလ၊ ပထမရက်တွင် စတင်၍ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ ထိုအချိန်ထိ ထာဝရဘုရား၏ဗိမာန်တော်အုတ်မြစ်ကို မချရသေးချေ။ Common Language Bible ပြည်သူတို့သည်ဗိမာန်တော်ကိုပြန်လည်တည် ဆောက်ရန်အစမပြုရသေးသော်လည်း သတ္တမ လ၊ ပထမနေ့၌မီးရှို့ပူဇော်ရာယဇ်များကို ထာဝရဘုရားအား စတင်ပူဇော်ကြကုန်၏။ Garrad Bible ဗိ မာန် တော် တိုက် မြစ် ကို မ ချ ရ သေး သော် လည်း၊ သ တ္တ မ လ တစ် ရက် က အ စ ပြု၍ ထာ ဝ ရ ဘု ရား အား မီး ရှို့ ရာ သ က္ကာ များ ကို ပူ ဇော် ကြ ၏။ Judson Bible ဗိမာန်တော် တိုက်မြစ်ကို မချသေးသော်လည်း၊ သတ္တမလ တစ်ရက်နေ့မှစ၍ မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။ |
ပုံမှန်မီးရှို့ရာယဇ်ကိုလည်း ပူဇော်ကြ၏။ ထို့ပြင် လဆန်းနေ့များ၊ ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များဆိုင်ရာ ပူဇော်သက္ကာများနှင့် ထာဝရဘုရားအား စေတနာအလျောက် အသီးသီးပေးလှူသောပူဇော်သက္ကာများကိုလည်း ပူဇော်ကြ၏။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ ပထမနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောနေ့၊ အောက်မေ့ဖွယ်ရာတံပိုးမှုတ်သည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းပြုသောနေ့ ဖြစ်ရမည်။
မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကိုသာ ပူဇော်ရမည်”ဟု မိန့်တော်မူ၏။
သတ္တမလ၊ ပထမနေ့တွင် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ ထိုနေ့သည် သင်တို့ တံပိုးမှုတ်ရသောနေ့ဖြစ်၏။
ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးရှို့ရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသောနွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်ခုနစ်ကောင်ကို ပူဇော်ရမည်။