ဆီးရီးယားဘုရင်က အစ္စရေးစစ်တပ်ကို ဖျက်ဆီးပစ်၍ ကောက်နယ်တလင်းရှိအမှုန့်ကဲ့သို့ ဖြစ်စေသောကြောင့် ယောခတ်မင်းကြီးတွင် မြင်းတပ်သားအယောက်ငါးဆယ်၊ စစ်ရထား ဆယ်စီး၊ ခြေလျင်တပ်သားအယောက်တစ်သောင်းမှလွဲ၍ စစ်တပ်ဟူ၍ပင် မရှိတော့ပေ။
ဟေရှာယ 28:27 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် စမုန်နက်ကို ကောက်တလင်းနယ်သည့်ပျဉ်ပြားဖြင့် နယ်လေ့မရှိ။ ဇီရာကိုလည်း လှည်းဘီးဖြင့် လှိမ့်လေ့မရှိ။ စမုန်နက်ကို တုတ်ဖြင့်၊ ဇီရာကို ကြိမ်လုံးဖြင့် ရိုက်နယ်ရ၏။ Common Language Bible စမုန်နက်နှင့်ဇီယာနှံများကိုတင်းပုတ်နှင့် ရိုက်၍မနယ်တတ်။ ယင်းသို့ပြုမည့်အစား ထိုက်လျောက်ရာတုတ်ငယ်ဖြင့်သာလျှင် ရိုက်နယ်တတ်၏။- Garrad Bible ထို ပြင်၊ စ မုန် သီး ကို စက် သွား နှင့် မ နယ် တတ်၊ ဇီ ယာ သီး ကို ဘီး နှင့် မ လှည့် တတ်၊ စ မုန် သီး နှင့် ဇီ ယာ သီး ကို တုတ် ဖြင့် ရိုက် ခါ တတ် ၏။ Judson Bible စမုန်နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ်တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကို မလှိမ့်တတ်။ စမုန်နက်စေ့ကို တုတ်နှင့်လည်းကောင်း၊ ဇီယာစေ့ကို ကြိမ်လုံးနှင့်လည်းကောင်း ရိုက်တတ်၏။ |
ဆီးရီးယားဘုရင်က အစ္စရေးစစ်တပ်ကို ဖျက်ဆီးပစ်၍ ကောက်နယ်တလင်းရှိအမှုန့်ကဲ့သို့ ဖြစ်စေသောကြောင့် ယောခတ်မင်းကြီးတွင် မြင်းတပ်သားအယောက်ငါးဆယ်၊ စစ်ရထား ဆယ်စီး၊ ခြေလျင်တပ်သားအယောက်တစ်သောင်းမှလွဲ၍ စစ်တပ်ဟူ၍ပင် မရှိတော့ပေ။
ပညာရှိသောရှင်ဘုရင်သည် ဆိုးယုတ်သောသူတို့ကို လှေ့၍ သူတို့အပေါ်၌ စပါးခြွေသောဘီးကိုလှိမ့်တတ်၏။
သူ၏ဘုရားသခင်သည် သူ့အား နည်းမှန်လမ်းမှန်ကိုပြပေးတော်မူပြီ။ ညွှန်ကြားတော်မူပြီ။
ဂျုံကို အမှုန့်ကြိတ်ရမည်။ တလင်းကိုကား အစဉ်နယ်ရသည်မဟုတ်။ ဂျုံကို မြင်းလှည်းဖြင့် ကြိတ်သော်လည်း ညက်ညက်ကြေစေသည်မဟုတ်။
ကြည့်ရှုလော့။ ငါသည် သင့်ကို အသွားထက်သည့် ကောက်နယ်တန်ဆာပလာအသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကို နင်းနယ်၍ ညက်ညက်ကြေစေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ဖြစ်စေမည်။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုပဲ့ပြင်တော်မူသောအခါ အမျက်တော်ဖြင့်မဟုတ်ဘဲ တရားမျှတမှုဖြင့် ပဲ့ပြင်တော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်အကျိုးနည်းရပါလိမ့်မည်။
အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ သင်နှင့်အတူ ငါရှိမည်။ သင့်ကို ငါနှင်ထုတ်၍ သင်ရောက်လေရာအရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ “ဒမတ်စကပ်မြို့သားတို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ဂိလဒ်ပြည်ကို ကောက်နယ်သံတလိမ့်တုံးဖြင့် နင်းနယ်လေပြီ။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။