တစ်ချိန်တည်းမှာပင် ငါ့အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားပါလော့။ အကြောင်းမူကား သင်တို့၏ဆုတောင်းခြင်းအားဖြင့် သင်တို့ထံသို့ရောက်ရှိရသောအခွင့်ကို ပေးတော်မူလိမ့်မည်ဟု ငါမျှော်လင့်နေ၏။
ဟေဗြဲ 13:19 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့ထံသို့ လျင်မြန်စွာ ပြန်ရောက်နိုင်မည့်အကြောင်း ဆုတောင်းပေးရန် အထူးမေတ္တာရပ်ခံပါ၏။ Common Language Bible ဘုရားသခင်သည်မကြာမီငါ့အားသင် တို့ထံသို့ပြန်လည်ပို့ဆောင်ပေးတော်မူစေ ရန်ဆုတောင်းကြပါလော့ဟုသင်တို့အား အထူးမေတ္တာရပ်ခံပါ၏။ Garrad Bible ငါ သည် သင် တို့ ထံ လျင် မြန် စွာ ပြန် ရောက် ခွင့် ရ ခြင်း ငှာ ထို သို့ ပြု စေ ရန် အ ထူး နှိုး ဆော် လိုက်၏။ Judson Bible ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့် ရှိစေခြင်းငှာ၊ ငါတို့အဖို့ ဆုတောင်းမည်အကြောင်း ငါသည်သာ၍ နှိုးဆော်တောင်းပန်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ထံ ကျွန်ုပ်အမြန်ဆုံး ပြန်လာနိုင်ရန်အတွက် ဆုတောင်းပေးကြလော့ဟု အထူးတိုက်တွန်းပါ၏။ |
တစ်ချိန်တည်းမှာပင် ငါ့အတွက် တည်းခိုစရာနေရာကိုလည်း ပြင်ဆင်ထားပါလော့။ အကြောင်းမူကား သင်တို့၏ဆုတောင်းခြင်းအားဖြင့် သင်တို့ထံသို့ရောက်ရှိရသောအခွင့်ကို ပေးတော်မူလိမ့်မည်ဟု ငါမျှော်လင့်နေ၏။
ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံ အကျဉ်းချုံးရေးသားလိုက်ခြင်းသာဖြစ်၍ ဤတိုက်တွန်းအားပေးစကားကိုလက်ခံကြရန် သင်တို့အား ငါတောင်းပန်၏။