အကယ်စင်စစ် ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အပေါ်၊ စိတ်နှလုံးဖြူစင်သောသူတို့အပေါ် ကောင်းမြတ်တော်မူ၏။
ဟေဗြဲ 12:8 - မြန်မာ့စံမီသမ္မာကျမ်း လူတိုင်းခံရသောဆုံးမပဲ့ပြင်ခြင်းကို သင်တို့မခံရဘဲနေလျှင် သင်တို့သည် သားအရင်းမဟုတ်။ တရားမဝင်သောသားများသာဖြစ်ကြ၏။ Common Language Bible သင်တို့အားဒဏ်ပေးတော်မမူလျှင်သင်တို့ သည်သားရင်းများမဟုတ်ဘဲ တရားမဝင် သောသားများသာလျှင်ဖြစ်ကြ၏။- Garrad Bible အ ကယ်၍ သူ ခပ် သိမ်း တို့ ခံ ရ သော ပဲ့ ပြင် ခြင်း နှင့် သင် တို့ ကင်း လွတ် လျှင် သား စစ် မ ဟုတ်၊ အ ပျော် သား ဖြစ် ကြ လေ ပြီ။ Judson Bible သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည် မခံဘဲနေလျှင်၊ သားရင်းမဟုတ်၊ မင်းဦး မင်းလွင်ရသော သားဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် သားသမီးတိုင်းကို ဆုံးမတော်မူပြီး သင်တို့ကို မဆုံးမလျှင် သင်တို့သည် သားသမီးအရင်းမဟုတ်။ တရားမဝင်သော သားသမီးများသာ ဖြစ်ကြ၏။ |
အကယ်စင်စစ် ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အပေါ်၊ စိတ်နှလုံးဖြူစင်သောသူတို့အပေါ် ကောင်းမြတ်တော်မူ၏။
စီရင်ခြင်းခံရလျှင်လည်း လောကီသားတို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းမခံရမည့်အကြောင်း သခင်ဘုရား၏ဆုံးမတော်မူခြင်းကိုခံရကြ၏။
အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။