ဉာဏ်ပညာရှိသောနန်းတွင်းသူတို့က သူ့အားပြန်လျှောက်သကဲ့သို့ သူကိုယ်တိုင်လည်း ဤသို့ တွေးမိ၏။
သူ၏ပညာရှိနန်းတွင်းသူတို့က``သူတို့သည် ဖမ်းဆီးသိမ်းယူ၍ဝေငှရန်အတွက်၊ ပစ္စည်းဥစ္စာများကိုရှာဖွေလျက်ရှိကြပါမည်။ စစ်သားတစ်ယောက်စီအတွက်အပျိုကညာ တစ်ယောက်နှစ်ယောက်ကိုလည်းကောင်း၊ သိသရအတွက်အဖိုးထိုက်အဝတ် အထည်နှင့် မိဖုရားအတွက်၊ ပန်းထိုးလည်စည်းတန်ဆာတို့ကိုလည်းကောင်း ရှာဖွေလျက်နေသောကြောင့်ပင်ဖြစ်တန်ရာ၏'' ဟု ပြန်လည်ဖြေကြားကြသဖြင့်သူကိုယ်တိုင်လည်း ထိုအတိုင်းအဖန်တလဲလဲတွေးတောလျက် နေသတည်း။
ပ ညာ ရှိ နန်း တွင်း သူ တို့ ပြန် လျှောက် သည့် ပြင်၊ ကိုယ် တိုင် အောက် မေ့ မိ သည် မှာ
ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား၊
ယနေ့လည်း မိဖုရား၏အပြုအမူကိုကြားသိကြသော ပါးရှားပြည်နှင့် မေဒိပြည်မှအကြီးအကဲကတော်တို့သည် အရှင်မင်းကြီးခန့်ထားသောအကြီးအကဲအပေါင်းတို့ကို ထိုအတိုင်း ပြောဆိုဆက်ဆံကြပါလိမ့်မည်။ သို့ဖြစ်၍ မထီလေးစားပြုခြင်းနှင့် အမျက်ထွက်ခြင်းတို့ များပြားလာပါလိမ့်မည်။
သိသရ၏မိခင်သည် ရာဇမတ်ကွက်ပြတင်းပေါက်မှမျှော်ကြည့်၍ ‘ငါ့သား၏စစ်ရထားသည် အဘယ်ကြောင့် မပြန်လာသေးဘဲ ကြန့်ကြာနေရသနည်း။ ရထားဘီးသည် အဘယ်ကြောင့် နှေးနေရသနည်း’ဟု ငိုကြွေးမြည်တမ်းလေ၏။
‘ယောက်ျားတစ်ယောက်အတွက် မိန်းမပျိုတစ်ယောက်၊ နှစ်ယောက်၊ သိသရအတွက် တိုက်ခိုက်လုယူသောပစ္စည်းထဲမှ ရောင်စုံအဝတ်အစား၊ ငါ့အတွက် ရောင်စုံပန်းထိုးအဝတ်အစား၊ ရောင်စုံပန်းထိုးလည်စည်း စသည်တို့ကိုခွဲဝေနေကြခြင်းသာဖြစ်မည်’ဟူ၍ ဖြစ်၏။