ထိုငယ်သားသည်လည်း ဘုရင့်သမီးတော်အပျိုစင်တို့ ဝတ်ဆင်ရလေ့ရှိသောရောင်စုံသင်တိုင်းကို ဝတ်ဆင်ထားသောတာမာအား နှင်ထုတ်ပြီးလျှင် တံခါးကိုပိတ်ထားလိုက်လေ၏။
သူကြီး 3:23 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဧဟုဒသည် အခန်းပြင်သို့ထွက်လာပြီး လေသာနန်းဆောင်တံခါးကို သော့ခတ်ပိတ်ထားလေ၏။ Common Language Bible ထိုနောက်ဧဟုဒသည်အပြင်သို့ထွက်၍ တံခါးများကိုသော့ခတ်ပြီးလျှင်၊- Garrad Bible ဧ ဟု ဒ သည်၊ အ ဆောင် ဦး သို့ ထွက် လျက် ဆောင် မ တံ ခါး များ ကို ပိတ် ထား သော့ ခတ်၍ ထွက် သွား သည့် နောက် Judson Bible ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။ |
ထိုငယ်သားသည်လည်း ဘုရင့်သမီးတော်အပျိုစင်တို့ ဝတ်ဆင်ရလေ့ရှိသောရောင်စုံသင်တိုင်းကို ဝတ်ဆင်ထားသောတာမာအား နှင်ထုတ်ပြီးလျှင် တံခါးကိုပိတ်ထားလိုက်လေ၏။
ထို့နောက် လေသာနန်းဆောင်ထဲတွင် ဧဂလုန်မင်းကြီးတစ်ယောက်တည်းထိုင်နေစဉ် ဧဟုဒသည် သူ့ထံသို့ချဉ်းကပ်၍ “ဘုရားသခင်၏အမိန့်တော်ကို ဆင့်ဆိုရန်ရှိပါသည်”ဟု ဆိုသဖြင့် ဧဂလုန်မင်းကြီးသည် ထိုင်ရာမှ ထလိုက်သောအခါ
သန်လျက်အရိုးပါ မင်းကြီး၏ဗိုက်ထဲမြှုပ်ဝင်သွား၏။ သန်လျက်ကို မဆွဲထုတ်ဘဲနေသဖြင့် မင်းကြီး၏ဗိုက်ထဲမှအဆီများသည် သန်လျက်၌ကပ်နေ၍ မစင်များလည်း ထွက်ကျလေ၏။
ဧဟုဒထွက်သွားပြီးနောက် ဧဂလုန်မင်းကြီး၏အမှုထမ်းတို့သည် လေသာနန်းဆောင်တံခါးသော့ခတ်ထားသည်ကို မြင်လျှင် “မင်းကြီးသည် လေသာနန်းဆောင်တွင် ကျင်ကြီးစွန့်နေသည်”ဟု ဆိုကြ၏။