ဧဟုဒလည်း လက်ဝဲလက်ကိုဆန့်၍ ယာဘက်ပေါင်၌ဝှက်ထားသောသန်လျက်ကို ဆွဲထုတ်ကာ ဧဂလုန်မင်းကြီး၏ဝမ်းဗိုက်ကို ထိုးလေ၏။
သူကြီး 3:22 - မြန်မာ့စံမီသမ္မာကျမ်း သန်လျက်အရိုးပါ မင်းကြီး၏ဗိုက်ထဲမြှုပ်ဝင်သွား၏။ သန်လျက်ကို မဆွဲထုတ်ဘဲနေသဖြင့် မင်းကြီး၏ဗိုက်ထဲမှအဆီများသည် သန်လျက်၌ကပ်နေ၍ မစင်များလည်း ထွက်ကျလေ၏။ Common Language Bible သန်လျက်သည်လက်ကိုင်ရိုးနှင့်တကွမြုပ်ဝင် သွားပြီးလျှင် အဆီများဖြင့်ဖုံးအုပ်သွားလေ သည်။ ဧဟုဒသည်ထိုသန်လျက်ကိုဆွဲမနုတ် ချေ။ သန်လျက်သည်မင်းကြီး၏နောက်ဘက် တွင်ပေါင်နှစ်လုံးကြားမှထိုးထွက်လျက်နေ တော့၏။- Garrad Bible သန် လျက် သည် လက် ကိုင် ရိုး ပါ ထုတ် ချင်း စူး ဝင် သ ဖြင့် ဝမ်း တွင်း က မ နုတ် မီ အ ဆီ လွှမ်း လျက် ရှိ လေ ၏။ Judson Bible လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနုတ်နိုင်အောင် ဆီဥသည် သန်လျက်ကိုလွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။ |
ဧဟုဒလည်း လက်ဝဲလက်ကိုဆန့်၍ ယာဘက်ပေါင်၌ဝှက်ထားသောသန်လျက်ကို ဆွဲထုတ်ကာ ဧဂလုန်မင်းကြီး၏ဝမ်းဗိုက်ကို ထိုးလေ၏။
ထို့နောက် ဧဟုဒသည် အခန်းပြင်သို့ထွက်လာပြီး လေသာနန်းဆောင်တံခါးကို သော့ခတ်ပိတ်ထားလေ၏။