ယောရှုသည် နံနက်စောစောထပြီး အစ္စရေးအမျိုးသားအပေါင်းတို့နှင့်အတူ ရှိတ္တိမ်အရပ်မှခရီးပြု၍ ဂျော်ဒန်မြစ်သို့ရောက်လာကြ၏။ မြစ်ကိုမကူးသေးဘဲ ထိုမြစ်နား၌ စခန်းချကြ၏။
သူကြီး 20:19 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့သည် နံနက်အချိန်ချီတက်၍ ဂိဗာမြို့အနီးတွင် စခန်းချ၏။ Common Language Bible သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် နောက်တစ်နေ့နံနက်၌ထွက်ခွာပြီးလျှင် ဂိဗာမြို့အနီးတွင်တပ်စခန်းကြ၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် နံ နက် အ ချိန် ချီ သ ဖြင့် ဂိ ဗာ မြို့ အ နီး တပ် စွဲ ကြ ကုန်၏။ Judson Bible နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ၍ ဂိဗာမြို့အနား၌ တပ်ချပြီးမှ၊ |
ယောရှုသည် နံနက်စောစောထပြီး အစ္စရေးအမျိုးသားအပေါင်းတို့နှင့်အတူ ရှိတ္တိမ်အရပ်မှခရီးပြု၍ ဂျော်ဒန်မြစ်သို့ရောက်လာကြ၏။ မြစ်ကိုမကူးသေးဘဲ ထိုမြစ်နား၌ စခန်းချကြ၏။
ယောရှုသည် နံနက်စောစောထ၏။ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသွားကြ၏။
ယောရှုသည်လည်း နံနက်စောစောထ၍ အစ္စရေးလူမျိုးတို့ကို အမျိုးအနွယ်အလိုက် ချဉ်းကပ်စေရာ ယုဒအမျိုးအနွယ်သည် ရွေးထုတ်ခံရ၏။
အစ္စရေးအမျိုးသားတို့သည် ထ၍ ဗေသလမြို့သို့ တက်သွားပြီးလျှင် ဘုရားသခင်အား “ဗင်္ယာမိန်အမျိုးသားတို့ကို မည်သူဦးစွာသွားတိုက်ရမည်နည်း”ဟု မေးလျှောက်ကြလျှင် ထာဝရဘုရားက “ယုဒအမျိုး ဦးစွာချီတက်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးကို တိုက်ခိုက်ရန် ချီတက်လာ၍ ဂိဗာမြို့၌ နေရာယူကြသောအခါ