သင့်နားကိုစွင့်၍ ပညာရှိတို့၏စကားများကို နားထောင်လော့။ သင့်စိတ်နှလုံး၌ ငါ၏အသိပညာကို သွင်းထားလော့။
သုတ္တံကျမ်း။ 23:12 - မြန်မာ့စံမီသမ္မာကျမ်း ဆုံးမပဲ့ပြင်ခြင်းကို နှလုံးသွင်း၍ အသိပညာစကားတို့ကို နားစွင့်လော့။ Common Language Bible ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာ အတတ် စကားကို နာခံလော့။ Garrad Bible ဆုံး မ ခြင်း ကို စိတ် နှ လုံး ၌ လည်း ကောင်း၊ အ သိ ပ ညာ စ ကား ကို နား ၌ လည်း ကောင်း၊ သွင်း ထား လော့။ Judson Bible ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာအတတ်စကားကို နာခံလော့။ |
သင့်နားကိုစွင့်၍ ပညာရှိတို့၏စကားများကို နားထောင်လော့။ သင့်စိတ်နှလုံး၌ ငါ၏အသိပညာကို သွင်းထားလော့။
သူတို့ကိုရွေးနုတ်သောအရှင်သည် တန်ခိုးကြီးတော်မူသောကြောင့် သင့်ကိုဆန့်ကျင်လျက် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူလိမ့်မည်။
ကလေးသူငယ်ကို ဆုံးမပဲ့ပြင်ခြင်းမပြုဘဲမနေနှင့်။ သူ့ကိုကြိမ်လုံးနှင့်ရိုက်သော်လည်း သူမသေနိုင်။
ငါ့သား၊ သင်သည်နားထောင်၍ ဉာဏ်ပညာရှိလော့။ သင်၏စိတ်နှလုံးကိုလည်း လမ်းတော်သို့ လိုက်စေလော့။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
ကိုယ်တော်ကလည်း“သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏တပည့်ဖြစ်လာသော ကျမ်းပြုဆရာတိုင်းသည် မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့်အဟောင်းတို့ကို ထုတ်ယူသောအိမ်ရှင်နှင့်တူ၏”ဟု မိန့်တော်မူ၏။