ခက်ခဲပင်ပန်းသောအလုပ်ရှိသမျှတို့၌ အကျိုးအမြတ်ရှိ၏။ အပြောသက်သက်မူကား ချို့တဲ့နွမ်းပါးခြင်းကိုသာဖြစ်စေ၏။
သုတ္တံကျမ်း။ 16:26 - မြန်မာ့စံမီသမ္မာကျမ်း အလုပ်လုပ်သောသူ၏ပါးစပ်သည် သူ့ကိုတွန်းအားပေးသောကြောင့် သူ၏စိတ်ဆန္ဒသည် သူ့အတွက် ကြိုးပမ်းအားထုတ်တတ်၏။ Common Language Bible အလုပ်လုပ်သောသူသည်၊ မိမိပစပ်တောင်း သောကြောင့်၊ မိမိအဘို့ လုပ်တတ်၏။ Garrad Bible လုပ် ကိုင် သူ သည်၊ ခံ တွင်း၏ နှိုး ဆော် ခြင်း ကြောင့်၊ လို ပတ် ရှိ သည့် အ တိုင်း လုပ် ကိုင် ရ လေ ၏။ Judson Bible အလုပ်လုပ်သောသူသည်၊ မိမိပါးစပ်တောင်းသောကြောင့်၊ မိမိအဖို့ လုပ်တတ်၏။ |
ခက်ခဲပင်ပန်းသောအလုပ်ရှိသမျှတို့၌ အကျိုးအမြတ်ရှိ၏။ အပြောသက်သက်မူကား ချို့တဲ့နွမ်းပါးခြင်းကိုသာဖြစ်စေ၏။
လူ့အမြင်၌ မှန်သောလမ်းဖြစ်သော်လည်း အဆုံး၌ သေခြင်းသို့ရောက်စေသောလမ်းရှိ၏။
ဆိုးညစ်သောသူသည် မကောင်းမှုကိုတူးဆွတတ်၏။ သူ၏စကားသည်လည်း တောက်လောင်နေသော မီးကဲ့သို့ဖြစ်၏။
သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
လူ၏ကြိုးပမ်းအားထုတ်မှုအားလုံးသည် မိမိပါးစပ်အတွက်ဖြစ်၏။ သို့သော် သူ၏အာသာသည် မည်သည့်အခါမျှမပြေနိုင်။