ဆိုးမိုက်သောသူသည် မိမိ၏အမျက်ဒေါသကို ချက်ချင်းထင်ရှားစေတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား အရှက်ခွဲခံရခြင်းကိုပင် ဥပေက္ခာပြု၏။
သုတ္တံကျမ်း။ 12:17 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်စွာပြောဆိုသောသူသည် သစ္စာစကားကိုထွက်ဆိုတတ်၏။ မုသားသက်သေမူကား လိမ်လည်လှည့်ဖြားသောစကားကိုထွက်ဆိုတတ်၏။ Common Language Bible မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။ Garrad Bible မှန် ကန် ရာ ကို ပြော ဆို သော သူ သည်၊ ဖြောင့် မတ် ရာ ကို လည်း ကောင်း၊ မ မှန် သော သက် သေ သည်၊ လိမ် လည် ရာ ကို လည်း ကောင်း၊ ထွက် ဆို တတ် ၏။ Judson Bible မှန်သောစကားကို ပြောသောသူသည် ဖြောင့်မတ်ခြင်းတရား၊ မမှန်သောသက်သေကိုခံသောသူမူကား၊ မုသားတရားကို ပြသတတ်၏။ |
ဆိုးမိုက်သောသူသည် မိမိ၏အမျက်ဒေါသကို ချက်ချင်းထင်ရှားစေတတ်၏။ ဆင်ခြင်ဉာဏ်ရှိသောသူမူကား အရှက်ခွဲခံရခြင်းကိုပင် ဥပေက္ခာပြု၏။
ဓားနှင့်ထိုးသကဲ့သို့ မဆင်မခြင်ပြောဆိုတတ်သောသူရှိ၏။ ပညာရှိသောသူတို့၏စကားမူကား ဒဏ်ရာဒဏ်ချက်ကို ပျောက်ကင်းစေတတ်၏။
မှန်ကန်သောသက်သေသည် အသက်ကိုကယ်နုတ်တတ်၏။ လိမ်လည်ထွက်ဆိုသောသူမူကား လိမ်လည်လှည့်ဖြားတတ်၏။
သစ္စာရှိသောသက်သေသည် လိမ်လည်ခြင်းမပြု။ မုသားသက်သေမူကား လိမ်လည်ထွက်ဆိုတတ်၏။
ဆိုးညစ်သောသက်သေသည် တရားမျှတမှုကို ပြက်ရယ်ပြုတတ်၏။ ဆိုးယုတ်သောသူတို့၏နှုတ်သည်လည်း အပြစ်ဒုစရိုက်ကို ဝါးမျိုတတ်၏။
မုသားသက်သေသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။ လိမ်လည်ထွက်ဆိုသောသူသည်လည်း လွတ်မြောက်လိမ့်မည်မဟုတ်။
လိမ်လည်သောသက်သေသည် ပျက်စီးသွားလိမ့်မည်။ ကိုယ်တိုင်ကြားရသောသူမူကား အစဉ်ပြောဆိုနေလိမ့်မည်။
အကြောင်းမရှိဘဲ သင်၏အိမ်နီးချင်းကိုဆန့်ကျင်၍ သက်သေမထွက်ဆိုနှင့်။ သင်၏နှုတ်ခမ်းဖြင့် မလှည့်စားနှင့်။
လိမ်လည်ထွက်ဆိုသောမုသားသက်သေနှင့် ညီအစ်ကိုတို့ကြား၌ အငြင်းပွားမှုများဖြစ်ပွားစေသော သူတို့ဖြစ်ကြ၏။
သင်တို့ပြုကျင့်ရမည်မှာ အချင်းချင်း မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝတို့၌ တရားစီရင်ရာတွင် ဖြောင့်မတ်မှန်ကန်စွာ စီရင်ဆုံးဖြတ်ကြလော့။
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။
ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့် မမှန်သောသက်သေကို ရှာကြ၏။
ထို့နောက် သူတို့သည် မမှန်သောသက်သေများကိုခေါ်လာ၍ “ဤသူသည် သန့်ရှင်းရာဌာနတော်နှင့်ပညတ်တရားတို့အား ဆန့်ကျင်သည့်စကားကို အစဉ်မပြတ်ပြောဆိုနေပါသည်။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်၊ ကြောက်ရွံ့ရိုသေသောစိတ်နှင့် ကြည်လင်သောအသိစိတ်တို့ဖြင့် ဖြေရှင်းပြောဆိုကြလော့။ သို့ပြုလျှင် ခရစ်တော်၌ရှိသည့် သင်တို့၏ကောင်းသောအသက်ရှင်နေထိုင်မှုကို ကဲ့ရဲ့ရှုတ်ချသောသူတို့သည် သင်တို့ကို ပုတ်ခတ်ပြောဆိုသည့်အတွက် အရှက်ရကြလိမ့်မည်။