ငါ၏အကြံဉာဏ်ကိုအလိုမရှိကြ။ ငါ၏ဆိုဆုံးမစကားအားလုံးကိုလည်း မထီလေးစားပြုခဲ့ကြ၏။
ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမ ခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
ငါ အ ကြံ ပေး သည် ကို မ လိုက် လို။ ဆုံး မ ပဲ့ ပြင် ခြင်း ရှိ သ မျှ ကို လည်း မ ထီ မဲ့ မြင် ပြု ခဲ့ ကြ ပြီ။
ငါသတိပေးခြင်းကို အလျှင်းနားမခံကြ။ ငါဆုံးမခြင်းရှိသမျှကို မထီမဲ့မြင်ပြုကြ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။
အကျွန်ုပ်သည် ကိုယ်တော်၏ဥပဒေသတို့ကို ရွေးချယ်ခဲ့သည်ဖြစ်၍ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုကူညီမစရန် အဆင်သင့်ဖြစ်ပါစေသော။
သို့သော် ငါ့လူမျိုးတော်သည် ငါ့အသံကိုနားမထောင်ခဲ့ပေ။ အစ္စရေးလူမျိုးသည် ငါ့ကိုမနာခံခဲ့ပေ။
သင်တို့သည် ငါပေးသောအကြံဉာဏ်အားလုံးကို လျစ်လျူရှုကြပြီး ငါ၏ဆိုဆုံးမခြင်းကိုလည်း အလိုမရှိကြ။
“ငါသည် ဆုံးမပဲ့ပြင်ခြင်းကိုမုန်း၍ ငါ၏စိတ်နှလုံးသည် ဆိုဆုံးမစကားကို မထီလေးစားပြုခဲ့၏။
စာသုံးလေးပိုင်းမျှ ဖတ်အပြီးတွင် ရှင်ဘုရင်သည် စာရေးတော်ကြီး၏ဓားဖြင့် စာလိပ်ကိုဖြတ်၍ မီးတောက်နေသောမီးလင်းဖိုထဲသို့ပစ်ချရာ စာလိပ်တစ်ခုလုံး မီးလင်းဖိုထဲတွင် လောင်ကျွမ်းကုန်၏။
ပညာရှိတို့သည် အရှက်ကွဲကြလိမ့်မည်၊ ကြောက်လန့်ကြလိမ့်မည်၊ ဖမ်းဆီးခြင်းခံရကြလိမ့်မည်။ သူတို့သည် ထာဝရဘုရား၏စကားတော်ကိုစွန့်ပယ်ကြ၏။ သူတို့၌ မည်သည့်ဉာဏ်ပညာရှိမည်နည်း။