အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 9:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အာရုန်​သည် အပြစ်ဖြေရာယဇ်ကောင်​၏​အဆီ​၊ ကျောက်ကပ်​နှင့် အသည်း​ပေါ်မှ​အဆီပျဉ်​တို့​ကို ယဇ်ပလ္လင်​ပေါ်၌ ရှို့​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း နွား​၏​အ​ဆီ ကျောက်​ကပ်​များ​နှင့်​အ​သည်း​မှ​အ​ကောင်း​ဆုံး အ​ပိုင်း​ကို ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​လေ သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ပြစ် ဖြေ ရာ သ က္ကာ၏ ဆီ ဥ၊ ကျောက် ကပ်၊ အ သည်း ဆိုင် ရာ အ ညှို့ ပါ၊ ပ လ္လင် တော် ထက် မီး ဖြင့် ပူ ဇော် ခြင်း များ ကို မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ပြု လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ဆီ​ဥ၊ ကျောက်​ကပ်၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 9:10
13 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​နှစ်သက်​တော်မူ​သော​ယဇ်​များ​မှာ ကျိုးပဲ့​သော​စိတ်သဘော​ဖြစ်​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​သည် ကျိုးပဲ့​ကြေမွ​သော​စိတ်နှလုံး​ကို မထီမဲ့မြင်ပြု​တော်မူ​မည်​မ​ဟုတ်​ပါ​။


အူ​ကို​ဖုံး​နေ​သည့်​အဆီ​ရှိသမျှ​ကို​လည်းကောင်း​၊ အသည်း​ပေါ်မှ​အဆီပျဉ်​ကို​လည်းကောင်း​၊ ကျောက်ကပ်​နှစ်​ခု​နှင့်​ထို​ကျောက်ကပ်​နှစ်​ခု​အပေါ်​ရှိ​အဆီ​ကို​လည်းကောင်း ယူ​၍ ယဇ်ပလ္လင်​ပေါ်၌​ရှို့​ရ​မည်​။


ငါ့​သား​၊ သင်​၏​စိတ်နှလုံး​ကို ငါ့​အား​ပေး​လော့​။ သင်​၏​မျက်စိ​သည်​လည်း ငါ​၏​လမ်း​တို့​ကို ထိန်းသိမ်းစောင့်ရှောက်​ပါစေ​။


ထာဝရဘုရား​သည် သူ့​ကို​ချိုးဖဲ့ခြေမွှ​ရန် အလို​တော်​ရှိ​၏​။ သူ့​ကို​နာကျင်​စေ​တော်မူ​၏​။ သူ​၏​စိတ်ဝိညာဉ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ကို ပူဇော်​ပြီးလျှင် သူ​သည် သားစဉ်မြေးဆက်​ကို​မြင်​ရ​မည်​။ သူ​၏​နေ့ရက်​တို့​သည် ရှည်​၍ ထာဝရဘုရား​၏​အလို​တော်​သည် သူ​၏​လက်​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


ထာဝရဘုရား​က “​အလုံးစုံ​ကို ငါ့​လက်​ဖြင့်​ဖန်ဆင်း​၍ အလုံးစုံ​သည် ဖြစ်တည်​လေ​ပြီ​။ စိတ်နှိမ့်ချ​သော​သူ​၊ နောင်တရ​သော​သူ​၊ ငါ့​နှုတ်ထွက်စကား​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​ကို ငါ​ကြည့်ရှု​မည်​။


အသား​နှင့်​အရေခွံ​တို့​ကို​ကား တပ်စခန်း​၏​အပြင်ဘက်​၌ မီး​ရှို့​လေ​၏​။


အာရုန်​၏​သား​တို့​သည် သွေး​ကို သူ့​ထံသို့​ယူဆောင်​လာ​ကြ​ရာ သူ​သည် မိမိ​၏​လက်ချောင်း​ကို သွေး​ထဲသို့​နှစ်​၍ ယဇ်ပလ္လင်​၏​ချို​များ​ကို သုတ်လိမ်း​ပြီးလျှင် ကျန်​သွေး​ကို ယဇ်ပလ္လင်​အောက်ခြေ​၌ သွန်း​၏​။