သုံးရက်အတွင်း မရောက်လာသောသူအား အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏အကြံပေးချက်အတိုင်း သူ၏ဥစ္စာရှိသမျှကို သိမ်းယူပြီး သုံ့ပန်းသားမြေးအဖွဲ့ထဲမှ ခွဲထုတ်ခံရမည်ဟု ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ပြည်လုံးသို့ လိုက်လံကြေညာ၏။
ဝတ်ပြု 27:21 - မြန်မာ့စံမီသမ္မာကျမ်း မင်္ဂလာရတုနှစ်ရောက်၍ ထိုလယ်ယာသည် ဝယ်သူလက်မှလွတ်သောအခါ ဆက်ကပ်ထားသောလယ်ယာဖြစ်သည်နှင့်အညီ ထာဝရဘုရားအဖို့ သန့်ရှင်း၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်၏ပိုင်ဆိုင်ရာဖြစ်ရမည်။ Common Language Bible ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ် ကျရောက်သည့်အခါထိုမြေယာသည်ထာဝရ ဘုရားအားပူဇော်ဆက်သထားသောမြေ ဖြစ်၍ထာဝရဘုရားအမြဲပိုင်တော်မူ၏။ သို့ ဖြစ်၍ထိုမြေသည်ယဇ်ပုရောဟိတ်များနှင့် ဆိုင်သည်။ Garrad Bible ထို လယ် ယာ သည် မင်္ဂ လာ နှစ် လက် လွတ် သော် သဃ်ိ က လယ် ယာ သ ဖွယ် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သ ဖြင့် ပ ရော ဟိတ် ပိုင် ရာ ဖြစ်၏။ Judson Bible ယုဘိလနှစ်တွင် ထိုလယ်သည်အမှုလွတ်သောအခါ၊ ကျိန်ဆိုသောလယ်ကဲ့သို့၊ ထာဝရဘုရားအားသန့်ရှင်း၍ ယဇ်ပုရောဟိတ်၏ဥစ္စာ ဖြစ်ရမည်။ |
သုံးရက်အတွင်း မရောက်လာသောသူအား အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏အကြံပေးချက်အတိုင်း သူ၏ဥစ္စာရှိသမျှကို သိမ်းယူပြီး သုံ့ပန်းသားမြေးအဖွဲ့ထဲမှ ခွဲထုတ်ခံရမည်ဟု ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်တစ်ပြည်လုံးသို့ လိုက်လံကြေညာ၏။
ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို သူတို့စားရမည်။ အစ္စရေးလူမျိုးတို့ ဆက်ကပ်သောအရာဟူသမျှသည် သူတို့အပိုင်ဖြစ်ရမည်။
သင်တို့သည် ငါးဆယ်မြောက်နှစ်ကို သန့်ရှင်းစေ၍ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့ လွတ်လပ်ခွင့်ရကြောင်း တစ်ပြည်လုံးကြေညာရမည်။ ထိုနှစ်သည် သင်တို့အဖို့ မင်္ဂလာရတုနှစ်ဖြစ်၍ သင်တို့အသီးသီး မိမိပိုင်ဆိုင်ရာမြေသို့လည်းကောင်း၊ မိမိမျိုးနွယ်စုထံသို့လည်းကောင်း ပြန်ရမည်။
သူသည် ပြန်ပေးရန် ငွေအလုံအလောက်မရှိလျှင် သူရောင်းထားသောမြေသည် မင်္ဂလာရတုနှစ်အထိ ဝယ်သူ၏လက်ထဲ၌ ရှိနေရမည်။ မင်္ဂလာရတုနှစ်၌ သူသည် မြေကိုပြန်ရသဖြင့် သူသည်မိမိပိုင်သောမြေသို့ ပြန်သွားခွင့်ရှိမည်။
သို့သော် တံတိုင်းမခတ်ထားသောရွာရှိ နေအိမ်များကို လယ်ယာကဲ့သို့သတ်မှတ်ရမည်။ သူသည် နေအိမ်ကို ရွေးနုတ်ခွင့်ရှိ၏။ မင်္ဂလာရတုနှစ်ရောက်သောအခါ သူသည် အိမ်ကို ပြန်လည်ရရှိမည်။
သို့သော် ထိုလယ်ယာကို မရွေးနုတ်လျှင်ဖြစ်စေ၊ အခြားတစ်စုံတစ်ယောက်ကို ရောင်းလျှင်ဖြစ်စေ သူသည် ထိုလယ်ယာကို ရွေးနုတ်ခွင့်မရှိတော့ချေ။
မိမိပိုင်သောလယ်ယာထဲမှမဟုတ်၊ မိမိဝယ်ထားသောလယ်ယာထဲမှ ထာဝရဘုရားအား ဆက်ကပ်လိုလျှင်
ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည်ပြေ၍ သင့်ကို သနားစုံမက်တော်မူမည့်အကြောင်း၊ သင့်ကို သနားစုံမက်၍ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကိုတိုးပွားစေတော်မူမည့်အကြောင်း သင်သည် ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုကိုမျှ သင်၏လက်ထဲ၌ မထားရ။
ထိုမြို့နှင့်တကွ မြို့ထဲရှိသမျှတို့သည် ထာဝရဘုရား၏ကျိန်ခြင်းကို ခံရသောအရာများဖြစ်၏။ ပြည့်တန်ဆာရာခပ်မူကား ငါတို့စေလွှတ်လိုက်သောသူလျှိုတို့ကို ဝှက်ထားပေးခဲ့သောကြောင့် သူနှင့်သူ့အိမ်သူအိမ်သားအားလုံးတို့ကို အသက်ချမ်းသာခွင့်ပေးရမည်။