ဝတ်ပြု 22:25 - မြန်မာ့စံမီသမ္မာကျမ်း
ထိုသို့သောအကောင်ကို တိုင်းတစ်ပါးသားတို့ထံမှလက်ခံယူ၍ သင်တို့ဘုရားသခင်အဖို့ စားဖွယ်ရာအဖြစ် မပူဇော်ရ။ ထိုအကောင်တို့သည် ပုံပန်းပျက်၍ အနာအဆာရှိနေသောကြောင့် သင်တို့ကို လက်ခံတော်မူမည်မဟုတ်”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
လူမျိုးခြားထံမှ ရရှိသောတိရစ္ဆာန်ကို ပူဇော်သကာအဖြစ်မပူဇော်ရ။ ထိုကဲ့သို့ သောတိရစ္ဆာန်သည် အနာအဆာရှိသည်ဟု ယူဆရမည်ဖြစ်သောကြောင့်ယင်းကိုမပူ ဇော်ရ။
အခန်းကိုကြည့်ပါ။
အ ကယ်၍ လူ မျိုး ခြား တို့ ပေး ကမ်း လျှင် ထို သို့ သော အ ကောင် များ အ နက် သင် တို့ ဘု ရား သ ခင် ဆိုင် ရာ အ စာ အာ ဟာ ရ ကို မ တင် မ သွင်း ကြ ရ။ ကြန် အင် ယွင်း သည့် အ လျောက် ပျက် စီး ခြင်း လ က္ခ ဏာ ပါ သော ကြောင့် သင် တို့ အ ဖို့ လက် ခံ ဖွယ် မ ဟုတ် ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
အခန်းကိုကြည့်ပါ။
ထိုသို့သောအကောင်ကို တစ်ပါးအမျိုးသားဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ဘုရားသခင့်ပွဲတော်ဖို့ မပူဇော်ရ။ ပူဇော်လျှင်စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။