ဝတ်ပြု 13:48 - မြန်မာ့စံမီသမ္မာကျမ်း ချည်ချော၊ သို့မဟုတ် သိုးမွေးတို့၏တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်လုပ်သောပစ္စည်းတစ်ခုခု စသည်တို့၌ မှိုစွဲနာရှိ၍ Common Language Bible သိုးမွေးအထည်စသို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေသို့မဟုတ် သားရေထည်ပစ္စည်းတွင်ဖြစ်စေ၊- Judson Bible ရက်ကန်းပင်ဖြစ်စေ၊ ရက်ကန်းသားဖြစ်စေ၊ သားရေဖြစ်စေ၊ သားရေနှင့်လုပ်သော အသုံးအဆောင်ဖြစ်စေ၊ |
ထိုအနာသည် အဝတ်၊ သားရေ၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌ စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင် ဖြစ်နေလျှင် မှိုစွဲနာဖြစ်၏။ ယဇ်ပုရောဟိတ်အား ပြရမည်။
ခုနစ်ရက်မြောက်သောနေ့၌ အနာကိုကြည့်ရှုစစ်ဆေးရမည်။ အနာသည် အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်ပြုလုပ်ထားသောပစ္စည်းတစ်ခုခု စသည်တို့၌ ပျံ့သွားလျှင် ထိုအနာသည် ဆိုးရွားသော မှိုစွဲနာဖြစ်၏။ ထိုပစ္စည်းသည် မစင်ကြယ်။
ယဇ်ပုရောဟိတ်သည် အဝတ်၊ ချည်ချော၊ သို့မဟုတ် သိုးမွေး၏တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည့် အနာစွဲသောပစ္စည်းတို့ကို ရှို့ပစ်ရမည်။ ဆိုးရွားသော မှိုစွဲနာဖြစ်သောကြောင့် မီးရှို့ပစ်ရမည်။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခု စသည်တို့၌ ပျံ့သွားခြင်းမရှိလျှင်
ယနေ့ သင့်အား ငါဆင့်ဆိုသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းဘဲ ကိုယ်တော်အား မေ့လျော့မည်ကို သင့်ကိုယ်သင်သတိပြုလော့။
အချို့သောသူတို့ကို မီးထဲမှဆွဲထုတ်ကယ်တင်ကြလော့။ အချို့တို့ကိုမူ သူတို့၏သွေးသားဇာတိဖြင့်ညစ်ညူးစွန်းထင်းနေသောအင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သောစိတ်နှင့်တကွ သူတို့ကိုကရုဏာထားကြလော့။
သို့သော် သာဒိမြို့၌ မိမိတို့အဝတ်ကိုမညစ်ညူးစေသောသူ အနည်းငယ်ရှိ၏။ ထိုသူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကိုဝတ်လျက် ငါနှင့်အတူသွားလာရကြလိမ့်မည်။