အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 13:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အနာစိမ်း​၏​နေရာ​၌ အဖြူရောင်​အဖုအပိမ့်​၊ သို့မဟုတ် နီကြင်ကြင်​အစက်အပြောက် ပေါ်လာ​သောအခါ သူ​သည် ယဇ်ပုရောဟိတ်​ထံ ပြ​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ နီ​ဖျော့​ဖျော့​အ​ကွက်​ဖြစ် စေ​ပေါ်​လာ​လျှင် သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​သွား​ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဖျော့ နီ တောက် ထိန် ခြင်း ဖြစ် လျှင် ပ ရော ဟိတ် ထံ ပြ ရ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​နာ​ရွတ်၌ ဖြူ​သော​အ​ဖု​ဖြစ်​စေ၊ ဖြူ​နီ​သော​အ​နူ​ကွက်​ဖြစ်​စေ၊ ပေါ်​လာ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​သည်​ကြည့်​ရှု၍၊

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 13:19
6 ပူးပေါင်းရင်းမြစ်များ  

တစ်စုံတစ်ယောက်​သည် ကိုယ်ခန္ဓာ​အရေပြား​၌ အနာစိမ်း​ပေါက်​၍ ပျောက်ကင်း​ပြီးမှ


ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ အနာ​သည် အရေပြား​အောက်​ရောက်​နေ​ဟန်​ရှိ​လျက် အမွေး​သည်​လည်း ဖြူ​သွား​လျှင် ယဇ်ပုရောဟိတ်​သည် သူ့​အား မစင်ကြယ်​သော​သူ​ဖြစ်​သည်​ဟု ကြေညာ​ရ​မည်​။ ၎င်း​သည် အနာစိမ်း​နေရာ​မှ ပေါ်လာ​သော အနာကြီးရောဂါ​ဖြစ်​၏​။


တစ်စုံတစ်ယောက်​သည် ကိုယ်ခန္ဓာ​အရေပြား​၌ မီး​ပူလောင်နာ​ရှိ​၍ အပူလောင်နာ​အစို​၌ နီကြင်ကြင်​အစက်အပြောက်​၊ သို့မဟုတ် အဖြူရောင်​အစက်အပြောက် ပေါ်လာ​သောအခါ


ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ နီကြင်ကြင်​အနာ​ပေါက်​လျှင် ၎င်း​သည် ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ ပေါက်​သော အနာကြီးရောဂါ​ဖြစ်​၏​။


ယဇ်ပုရောဟိတ်​သည် ကြည့်ရှု​စစ်ဆေး​၍ ပြောင်​သော​ခေါင်း​၌​ဖြစ်စေ​၊ ပြောင်​သော​နဖူး​၌​ဖြစ်စေ အနာ​၏​အဖုအပိမ့်​သည် ကိုယ်ခန္ဓာ​အရေပြား​၌​ဖြစ်​သော​အနာကြီးရောဂါ​၏​လက္ခဏာ​ကဲ့သို့ နီကြင်ကြင်​ဖြစ်​နေ​လျှင်


သူ​သည် အနာ​ကို​ကြည့်ရှု​စစ်ဆေး​သောအခါ အိမ်​နံရံ​ရှိ​အနာ​သည် စိမ်းဖန့်ဖန့်​၊ သို့မဟုတ် နီကြင်ကြင်​ဖြစ်၍ နံရံ​ထဲ​ထိ​စွဲ​နေ​ဟန်​ရှိ​လျှင်