အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 9:59 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် အခြား​သော​သူ​တစ်​ဦး​အား“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။ သို့သော် ထို​သူ​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​အ​ခြား​လူ​တစ်​ယောက်​အား ``ငါ့ နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​က ``အ​ကျွန်ုပ်​အ​ဖ​၏​အ​လောင်း ကို​ဦး​စွာ​သွား​၍​သင်္ဂြိုဟ်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု လျှောက်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ခြား သူ တစ် ယောက် အား ငါ့ နောက် က လိုက် လော့ ဟု မိန့် တော် မူ သည့် ကာ လ အ ရှင် ဘု ရား၊ အ ဘ ကို သင်္ဂြိုလ် ရန် သွား ခွင့် ပေး ပါ ဦး ဟု ပြန် လျှောက် ရာ၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ခြား​သော​သူ​ကို၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​က၊ သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ​ကို ရှေ့​ဦး​စွာ​သွား၍ သင်္ဂြိုဟ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ​သော်၊-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​သည် အခြားသော​သူ​တစ်ဦး​အား “ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။ ထို​သူ​က “သခင်… အိမ်​သို့​ပြန်​၍ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ သင်္ဂြိုဟ်ခွင့်​ပြုတော်မူပါ” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

အ​ခြား​သော​သူ​ကို၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​က၊ သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ​ကို ရှေ့​ဦး​စွာ​သွား၍ သင်္ဂြိုဟ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ​သော်၊-

အခန်းကိုကြည့်ပါ။



လုကာ 9:59
8 ပူးပေါင်းရင်းမြစ်များ  

ဧလိရှဲ​သည် နွား​ကို​ထား​ခဲ့​၍ ဧလိယ​နောက်သို့​လိုက်​လျက် “​အကျွန်ုပ်​မိဘ​ကို နမ်း​ပြီး​နှုတ်ဆက်​ပါရစေ​။ ပြီးလျှင် အရှင့်​နောက်သို့ လိုက်​ပါ​မည်​”​ဟု ဆို​၏​။ ဧလိယ​က​လည်း သူ့​အား “​သင့်​ကို ငါ​မည်သို့​ပြု​ပြီး​ပြီ​နည်း​။ သွား​ပြီး ပြန်လာ​ခဲ့​ပါ​”​ဟု ပြန်ပြော​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ ‘ထာဝရဘုရား​၏​အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ချိန် မ​ရောက်​သေး’​ဟူ၍ ဤ​လူ​တို့ ဆို​တတ်​ကြ​သည်”​ဟု မိန့်​တော်မူ​၏​။


ထို့နောက် ယေရှု​က တပည့်​တော်​တို့​အား“မည်သူမဆို ငါ့​နောက်​သို့​လိုက်​လို​လျှင် မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ​၏​လက်ဝါးကပ်တိုင်​ကို​ထမ်း​လျက် ငါ့​နောက်​သို့​လိုက်​ရ​မည်။


ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။


ထို့နောက် ယေရှု​သည် ထို​အရပ်​မှ​ကြွ​တော်မူ​စဉ် အခွန်​ကောက်ခံ​ရာ​စခန်း​တွင်​ထိုင်​နေ​သည့် မဿဲ​ဟု​ခေါ်​သော​သူ​တစ်​ဦး​ကို​မြင်​၍“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​သော် သူ​သည်​ထ​၍ နောက်​တော်​သို့​လိုက်​လေ​၏။


ကိုယ်တော်​က​လည်း“လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ။ သင်​မူကား သွား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​လော့”​ဟု မိန့်​တော်မူ​၏။