အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 9:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပေတရု​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် မျက်စိ​လေး​၍ အိပ်မောကျ​နေ​ကြ​၏။ သို့သော် ကောင်းစွာ​နိုး​လာ​သောအခါ ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​နှင့်အတူ​ရပ်​နေ​သူ​နှစ်​ဦး​တို့​ကို​လည်းကောင်း မြင်​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ပေ​တ​ရု​နှင့်​အ​ဖော်​များ​သည်​ငိုက်​မြည်း အိပ်​ပျော်​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ နိုး​လာ​သော​အ​ခါ​ကိုယ်​တော်​၏​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​အ​တူ ရပ်​နေ​သူ​နှစ်​ဦး​ကို​လည်း​ကောင်း​မြင်​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အိပ် နေ ကြ သူ ပေ တ ရု မှ စ သော အ ပေါင်း အ ဖော် တို့ နိုး သော် ကိုယ် တော်၏ ဘုန်း တော် ကို လည်း ကောင်း၊ အ တူ ရပ် နေ သော ပု ဂ္ဂိုလ် နှစ် ပါး ကိုလည်း ကောင်း မြင် ကြ သ ဖြင့် အ ထံ တော် မှ ထို နှစ် ပါး ထွက် ခွာ ဆဲ တွင်၊

အခန်းကိုကြည့်ပါ။

Judson Bible

ပေ​တ​ရု​နှင့် သူ၏​အ​ဖော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တ​ငိုက်​ငိုက်​ရှိ​ကြ၏၊ နိုး​သော​အ​ခါ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့် ရပ်​နေ​သော လူ​နှစ်​ယောက်​ကို​လည်း​ကောင်း မြင်​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​အချိန်​တွင် ပေတရု​နှင့် အပေါင်းအဖော်​တို့​သည်လည်း ငိုက်မျဉ်း​၍ အိပ်ပျော်​လျက်​ရှိကြ၏။ အိပ်ပျော်ရာ​မှ နိုးလာကြ​သော် သူတို့​သည် ယေရှု​၏​ဘုန်းရောင်ခြည်​ကို​လည်းကောင်း၊ ယေရှု​နှင့်အတူ​ရပ်နေကြသော လူ​နှစ်ဦး​ကို​လည်းကောင်း တွေ့မြင်ကြ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ပေ​တ​ရု​နှင့် သူ၏​အ​ဖော်​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တ​ငိုက်​ငိုက်​ရှိ​ကြ၏၊ နိုး​သော​အ​ခါ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့် ရပ်​နေ​သော လူ​နှစ်​ယောက်​ကို​လည်း​ကောင်း မြင်​ကြ၏။-

အခန်းကိုကြည့်ပါ။



လုကာ 9:32
13 ပူးပေါင်းရင်းမြစ်များ  

နေ့​အချိန် သင်​ရ​သော​အလင်း​သည် နေ​၏​အလင်း​မ​ဟုတ်​တော့​ပေ​။ တောက်ပ​သော​လ​သည်​လည်း သင့်​အပေါ်​ထွန်းလင်း​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​၌ ထာဝရ​အလင်း​ဖြစ်​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​သည် သင်​၏​ဂုဏ်ကျက်သရေ​ဖြစ်​တော်မူ​မည်​။


ထိုအခါ ထို​သူ​ပြော​သော​စကား​သံ​ကို ကြား​ရ​၏​။ ထို​သူ​ပြော​သော​စကား​ကို နားထောင်​နေ​စဉ် ငါ​သည် သတိလစ်​၍​မှောက်​လျက်​လဲကျ​သွား​၏​။


ထိုသို့​ပြော​နေ​စဉ် ငါ​သည် သတိလစ်​၍​မြေ​ပေါ်သို့ မှောက်​လျက်​လဲကျ​သွား​ရာ​မှ သူ​က ငါ့​ကို​တို့​၍ ပြန်ရပ်​စေ​ပြီး


နောက်တစ်ဖန် ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​၏။ သူ​တို့​သည်​လည်း ကိုယ်တော်​အား မည်သို့​လျှောက်​ရ​မည်​ကို​မ​သိ​ကြ။


နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။


အို အဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို​ချစ်​တော်မူ​၍ အကျွန်ုပ်​အား​ပေး​တော်မူ​သော​အကျွန်ုပ်​၏​ဘုန်း​အသရေ​ကို အကျွန်ုပ်​ထံ​ကိုယ်တော်​ပေးအပ်​တော်မူ​သော​သူ​တို့​သည် ရှုမြင်​ရ​ကြ​ရန် သူ​တို့​ကို အကျွန်ုပ်​ရှိ​ရာ​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိ​စေ​လို​ပါ​၏။


အကြောင်းမူကား ငါ​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​တန်ခိုး​တော်​နှင့် ကြွလာ​တော်မူ​ခြင်း​တို့​ကို သင်​တို့​အား​ပြောပြ​သောအခါ ပါးနပ်​စွာ​ဖန်တီး​ထား​သော​ဒဏ္ဍာရီ​များ​ကို အသုံးပြု​သည်​မ​ဟုတ်။ ငါ​တို့​သည် ထို​အရှင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို ကိုယ်တိုင်​မြင်တွေ့​ရ​သူ​များ​ဖြစ်​ကြ​၏။


ချစ်​ရ​သော​သူ​တို့၊ ယခု ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ အနာဂတ်​တွင် ငါ​တို့​မည်သို့​ဖြစ်​ကြ​မည်​ကို ထင်ရှား​စွာ​မ​သိ​ရ​သေး​သော်လည်း ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ ကိုယ်တော်​ကို ပကတိ​အဖြစ်​တော်​အတိုင်း မြင်​ရ​ကြ​မည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်တော်​နှင့်​တူ​ကြ​မည်​ကို ငါ​တို့​သိ​ကြ​၏။