ကိုယ်တော်သည် သမုဒ္ဒရာတို့၏မြည်ဟည်းသံ၊ ၎င်းတို့ထဲမှလှိုင်းတံပိုးများ၏မြည်ဟည်းသံနှင့် တိုင်းသူပြည်သားတို့၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းတို့ကို ငြိမ်သက်စေတော်မူ၏။
လုကာ 8:24 - မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့သည်ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်၊ သခင်၊ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။ ကိုယ်တော်သည်ထ၍ လေနှင့်လှိုင်းတံပိုးတို့ကိုဆုံးမတော်မူရာ ၎င်းတို့သည်ရပ်တန့်ကြပြီး ငြိမ်သက်သာယာသွားလေ၏။ Common Language Bible သူတို့သည်ကိုယ်တော်ကိုနှိုးပြီးလျှင် ``အရှင်၊ အရှင်၊ အကျွန်ုပ်တို့သေကြပါတော့မည်'' ဟု ဆိုကြ၏။ ကိုယ်တော်သည်အိပ်စက်ရာကထတော်မူ၍ လေနှင့်လှိုင်းများကိုဟန့်တားတော်မူသဖြင့် လေနှင့်လှိုင်းများသည်ငြိမ်သက်သွားလေ၏။- Garrad Bible တ ပည့် တော် တို့ ချဉ်း ကပ် ပြီး လျှင် သ ခင်၊ သ ခင်၊ သေ ဆုံး ရ ပါ တော့ မည် ဟု လျှောက် ဆို လျက် နှိုး ကြ သော် ကိုယ် တော် သည် ထ၍ လေ နှင့် လှိုင်း တံ ပိုး ကို ဆုံး မ တော် မူ သ ဖြင့် ရပ် စဲ ငြိမ် ဝပ် ရ လေ ၏။ Judson Bible တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏ဟု လျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့သည် ယေရှုထံတော်သို့ ချဉ်းကပ်၍ နှိုးပြီးလျှင် “သခင်… သခင်… အကျွန်ုပ်တို့ရေနစ်သေရပါတော့မည်” ဟု အော်ဟစ်၍လျှောက်ကြ၏။ ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးတို့အား ဆုံးမတော်မူ၏။ ထိုအခါ လေနှင့် လှိုင်းတံပိုးတို့သည် ချက်ချင်းငြိမ်သက်သွားလေ၏။ မြန်မာ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးပြီးလျှင်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏ဟု လျှောက်ကြသော်၊ ကိုယ်တော်သည် ထ၍ လေနှင့် လှိုင်းတံပိုးကို ဆုံးမတော်မူသဖြင့်၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း၍သာယာလေ၏။- |
ကိုယ်တော်သည် သမုဒ္ဒရာတို့၏မြည်ဟည်းသံ၊ ၎င်းတို့ထဲမှလှိုင်းတံပိုးများ၏မြည်ဟည်းသံနှင့် တိုင်းသူပြည်သားတို့၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းတို့ကို ငြိမ်သက်စေတော်မူ၏။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။
သို့သော် ပြင်းထန်သောလေကိုမြင်လျှင် ကြောက်၍ ရေနစ်စပြုသည်နှင့် “သခင်ဘုရား၊ အကျွန်ုပ်ကိုကယ်တော်မူပါ”ဟု အော်ဟစ်လေ၏။
တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကိုနှိုးလျက် “သခင်ဘုရား၊ ကယ်တော်မူပါ။ အကျွန်ုပ်တို့သေရပါတော့မည်”ဟု လျှောက်ကြ၏။
ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။
ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက်“တိတ်ဆိတ်၍ သူ့အထဲမှ ထွက်သွားလော့”ဟု မိန့်တော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချ၍ အနာတရမဖြစ်စေဘဲ သူ့အထဲမှ ထွက်သွားလေ၏။
ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အနီး၌ရပ်လျက် အဖျားအနာကိုဆုံးမတော်မူလျှင် သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကိုဧည့်ဝတ်ပြုလေ၏။
ရှိမုန်ကလည်း “သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားဖမ်းကြသော်လည်း တစ်ကောင်ကိုမျှမရကြပါ။ သို့သော် ကိုယ်တော်အမိန့်ရှိတော်မူသည်ဖြစ်၍ ပိုက်ကွန်များကိုချပါမည်”ဟု လျှောက်ပြီးနောက်
ထို့နောက် ကိုယ်တော်က“သင်တို့၏ယုံကြည်ခြင်းအဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ရေတို့ကိုပင် အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။