ငါခေါ်၍ ကိုယ်တော်ပြန်ထူးလျှင်ပင် ငါ့အသံကို နားညောင်းတော်မူသည်ဟု ငါမယုံနိုင်ပါ။
လုကာ 24:41 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဝမ်းမြောက်သဖြင့် မယုံနိုင်သေးဘဲရှိ၍ အံ့ဩလျက်နေကြစဉ် ကိုယ်တော်က“ဤနေရာတွင် စားစရာတစ်စုံတစ်ခုရှိသလော”ဟု မေးတော်မူ၏။ Common Language Bible သို့ရာတွင်သူတို့သည်အလွန်အံ့သြလျက်နေ ကြသဖြင့်မယုံနိုင်သေးဘဲရှိကြစဉ်ကိုယ်တော် က ``သင်တို့မှာစားစရာတစ်စုံတစ်ခုရှိသလော'' ဟုမေးတော်မူ၏။- Garrad Bible သူ တို့ သည် ဝမ်း မြောက် ခြင်း ကြောင့် မ ယုံ ဘဲ အံ့ သြ လျက် ရှိ နေ ကြ သေး သည့် ကာ လ ကိုယ် တော် က ခဲ ဖွယ် တစ် စုံ တစ် ရာ ရှိ သ လော ဟု မေး တော် မူ သော်၊ Judson Bible ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲနေသေးသောအခါ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခုရှိသလောဟု မေးတော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ဝမ်းသာ၍ အံ့အားသင့်နေသောကြောင့် မယုံကြည်နိုင်သေးစဉ် ယေရှုက “သင်တို့တွင် စားစရာရှိသလော” ဟု မေးတော်မူ၏။ မြန်မာ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲနေသေးသောအခါ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခုရှိသလောဟု မေးတော်မူလျှင်၊- |
ငါခေါ်၍ ကိုယ်တော်ပြန်ထူးလျှင်ပင် ငါ့အသံကို နားညောင်းတော်မူသည်ဟု ငါမယုံနိုင်ပါ။
သို့သော် ကိုယ်တော်အသက်ရှင်တော်မူကြောင်းနှင့် ကိုယ်တော်ကို မာရိတွေ့မြင်ခဲ့ကြောင်း သူတို့ကြားကြသောအခါ သူတို့သည်မယုံကြချေ။
ထိုသူနှစ်ဦးတို့သည် ကျန်သောသူတို့အား သွား၍ပြောပြကြ၏။ သို့သော် ထိုသတင်းကိုလည်း သူတို့မယုံကြချေ။
ထို့နောက် ကိုယ်တော်သည် စားပွဲ၌ထိုင်နေသောတပည့်တော်တစ်ဆယ့်တစ်ပါးတို့အား ကိုယ်ထင်ရှားပြတော်မူ၍ ထမြောက်တော်မူသောကိုယ်တော်အား တွေ့မြင်သောသူတို့၏စကားကို သူတို့မယုံကြသောကြောင့် သူတို့၏မယုံကြည်မှုနှင့် စိတ်နှလုံးမာကျောမှုတို့ကို ပြစ်တင်ဆုံးမတော်မူ၏။
သူတို့၌ ငါးကလေးအနည်းငယ်ရှိသဖြင့် ၎င်းတို့အတွက် ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုငါးတို့ကိုလည်း ဝေပေးရန် မိန့်တော်မူ၏။
သို့သော် ထိုစကားများသည် တမန်တော်တို့အတွက် ယုံတမ်းစကားကဲ့သို့ဖြစ်သောကြောင့် သူတို့မယုံကြချေ။
မိန့်တော်မူပြီးလျှင် မိမိ၏လက်တော်နှင့်ခြေတော်တို့ကို သူတို့အား ပြတော်မူ၏။
ထို့အတူ သင်တို့သည် ယခုဝမ်းနည်းခြင်းရှိကြသော်လည်း ငါသည် သင်တို့နှင့် တစ်ဖန် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို မည်သူမျှ သင်တို့ထံမှ မနုတ်ယူနိုင်ရာ။
ထိုအခါ ယေရှုက“ချစ်သားတို့၊ သားငါးတစ်စုံတစ်ရာရှိသလော”ဟု သူတို့အားမေးတော်မူလျှင် သူတို့က “မရှိပါ”ဟု ပြန်ပြောကြ၏။
ပေတရု၏အသံကိုမှတ်မိသောအခါ ဝမ်းမြောက်သောကြောင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်ကာ တံခါးဝ၌ ပေတရုရပ်နေသည်ဟု ပြောကြားလေ၏။