ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
လုကာ 23:41 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံကြရသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။ Common Language Bible ငါတို့သည်အပြစ်အလျောက် ထိုက်သင့်သော အပြစ်ဒဏ်ကိုခံရကြ၏။ ဤအရှင်မှာမူကား အဘယ်အပြစ်ကိုမျှမကူးလွန်ခဲ့'' ဟုပြော ဆိုဆုံးမ၏။- Garrad Bible ထိုက် သင့် ရာ ဒဏ် ကို တ ရား အ တိုင်း ခံ ရ ကြ ပြီ။ ဤ အ ရှင် မူ ကား မ သင့် မ လျော် ပြု ဘူး သည် မ ဟုတ် ဟု ဆို ပြီး လျှင်၊ Judson Bible ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါတို့သည် အမှန်ပင် ကိုယ့်ပြစ်မှုများအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို တရားစွာခံရကြ၏။ သို့သော် ဤသူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ပါ” ဟု ပြောဆိုဆုံးမ၏။ မြန်မာ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊- |
ထိုသို့ ဒုက္ခရောက်သောအခါ မနာရှေမင်းကြီးသည် သူ၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို ရှာလျက် ဘိုးဘေးတို့၏ဘုရားသခင်ရှေ့တော်တွင် မိမိကိုယ်ကိုအလွန်နှိမ့်ချလေ၏။
အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
သူတို့သည် ကိုယ်ရှိရာနေရာ၌ ရပ်လျက် နေ့တစ်နေ့၏လေးပုံတစ်ပုံတွင် ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားကျမ်းကို ဖတ်ပြီး နောက်လေးပုံတစ်ပုံတွင် အပြစ်များကိုဝန်ချတောင်းပန်ကာ ဘုရားသခင်ထာဝရဘုရားအား ရှိခိုးကိုးကွယ်ကြ၏။
ထိုသို့ ငါသည်အပြစ်ဝန်ချ၍ ငါ၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းသည်မှာ “အို ဘုရားရှင်၊ ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောဘုရားဖြစ်ပါ၏။ ကိုယ်တော့်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်ထိန်းသောသူတို့အပေါ် ကိုယ်တော်၏ပဋိညာဉ်တော်နှင့် မေတ္တာကရုဏာတော် တည်ပါ၏။
ပိလတ်မင်းသည် တရားပလ္လင်ပေါ်၌ ထိုင်နေစဉ် သူ၏ဇနီးသည်သည် သူ့ထံသို့လူလွှတ်၍ “သင်သည် ထိုဖြောင့်မတ်သောသူနှင့် မည်သို့မျှ မပတ်သက်စေပါနှင့်။ အကြောင်းမူကား ထိုသူကြောင့် ယနေ့ ကျွန်မသည် အိပ်မက်ထဲ၌ စိတ်ဒုက္ခများစွာရောက်ရပါ၏”ဟု မှာလိုက်လေ၏။
ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။
“အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
တပ်မှူးမှစ၍ သူနှင့်အတူ ယေရှုကိုစောင့်ကြည့်နေသောသူတို့သည် ငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သောအရာများကိုတွေ့မြင်ကြသောအခါ အလွန်ကြောက်ရွံ့လျက် “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုကြ၏။
သို့သော် အခြားတစ်ဦးသည် သူ့ကိုဆုံးမ၍ “သင်သည် သူနှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းကိုခံရလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။
ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။
ငါတို့သည် ယုံကြည်သူဖြစ်သောသင်တို့တွင် မည်သို့ သန့်ရှင်းဖြူစင်စွာနှင့် ဖြောင့်မတ်စွာပြုမူလျက် အပြစ်တင်စရာမရှိရလေအောင် နေထိုင်ခဲ့သည်ကို သင်တို့နှင့်ဘုရားသခင်သည် ငါတို့၏သက်သေများဖြစ်ကြ၏။
ထို့ကြောင့် ဘုရားသခင်ကိုနာခံကြလော့။ မာရ်နတ်ကိုဆန့်ကျင်တွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးလိမ့်မည်။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။
ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ပြန်၍မတုံ့ပြန်၊ ဒုက္ခဝေဒနာခံစားရသောအခါ၌လည်း ခြိမ်းခြောက်ခြင်းကိုမပြုဘဲ ဖြောင့်မတ်စွာတရားစီရင်တော်မူသောအရှင်ထံသို့ မိမိကိုယ်ကိုအပ်နှံတော်မူ၏။