“ဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို အကျွန်ုပ်တို့မြင်ခဲ့ရသဖြင့် သူ့ကိုရှိခိုးရန် လာကြပါ၏”ဟု မေးမြန်းပြောဆိုကြ၏။
လုကာ 23:38 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏အပေါ်ဘက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်၏”ဟူသောကမ္ပည်းစာကိုတပ်ထား၏။ Common Language Bible ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။ Judson Bible ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဦးခေါင်းတော်အထက်တွင် “ဤသူသည် ဂျူးတို့၏ရှင်ဘုရင်ဖြစ်၏” ဟု ကမ္ပည်းရေးထိုးထား၏။ မြန်မာ ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။ |
“ဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို အကျွန်ုပ်တို့မြင်ခဲ့ရသဖြင့် သူ့ကိုရှိခိုးရန် လာကြပါ၏”ဟု မေးမြန်းပြောဆိုကြ၏။
ယေရှုသည် ဘုရင်ခံရှေ့၌ ရပ်တော်မူရာ ဘုရင်ခံက “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။ ယေရှုကလည်း“သင်ပြောသည့်အတိုင်းပေတည်း”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏ဦးခေါင်းတော်အထက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင် ယေရှုဖြစ်၏”ဟု ရေးထားသည့် ကိုယ်တော်အပေါ်တင်သောစွဲချက်ကို တပ်ထားကြ၏။
ကိုယ်တော်အပေါ်တင်သောစွဲချက်ကိုရေးထားသည့်ကမ္ပည်းစာမှာ “ဂျူးလူမျိုးတို့၏ဘုရင်”ဟူ၍ဖြစ်၏။
ငါတို့တွေ့မြင်၍ ယုံကြည်နိုင်ရန် အစ္စရေးဘုရင်ဖြစ်သောခရစ်တော်သည် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းလာပါစေ”ဟု အချင်းချင်းပြောဆိုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသောသူတို့သည်လည်း ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
ပိလတ်မင်းကလည်း “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလျှင် ကိုယ်တော်က“သင်ပြောသည့်အတိုင်းပေတည်း”ဟု ပြန်ဖြေတော်မူ၏။
ကိုယ်တော်ထံသို့ချဉ်းကပ်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ဆိုပြီး ကိုယ်တော်ကိုရိုက်ပုတ်ကြ၏။