အကြောင်းမူကား သူတို့အားလုံးသည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ ထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသမျှသောအရာအားလုံး၊ သူ၏အသက်မွေးစရာအားလုံးကို ထည့်လေပြီ”ဟု မိန့်တော်မူ၏။
လုကာ 21:4 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဤသူအားလုံးတို့သည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ အလှူငွေကိုထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသောအသက်မွေးစရာအားလုံးကို ထည့်လေပြီ”ဟု မိန့်တော်မူ၏။ Common Language Bible ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံထဲမှ ပေးလှူကြ၏။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပင် ပေးလှူပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သူ အ ပေါင်း တို့ သည် စည်း စိမ် ပို မို ရာ မှ အ လှူ ထည့် သွင်း ကြ၏။ ဤ မိန်း မ မူ ကား ဆင်း ရဲ ငတ် မွတ် ရာ မှ အ သက် မွေး ရန် ရှိ သ မျှ ကို ထည့် သွင်း ပြီ တ ကား ဟု မိန့် တော် မူ ၏။ Judson Bible အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြသော်လည်း ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။ မြန်မာ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ |
အကြောင်းမူကား သူတို့အားလုံးသည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ ထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသမျှသောအရာအားလုံး၊ သူ၏အသက်မွေးစရာအားလုံးကို ထည့်လေပြီ”ဟု မိန့်တော်မူ၏။
သားငယ်သည် ဖခင်အား ‘အဖေ၊ အကျွန်ုပ်ရထိုက်သောအမွေပစ္စည်းကို ခွဲဝေပေးပါ’ဟု ဆိုသဖြင့် ဖခင်သည် သူ၏ဥစ္စာပစ္စည်းများကို သူတို့အား ခွဲဝေပေးလေ၏။
ထိုအခါ ကိုယ်တော်က“သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးထက် ပို၍ထည့်လေပြီ။
ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည်
သူတို့ထဲတွင် ဆင်းရဲချို့တဲ့သူတစ်ယောက်မျှမရှိပေ။ အကြောင်းမူကား မြေကွက်၊ သို့မဟုတ် အိမ်ရာတို့ကို ပိုင်ဆိုင်သောသူရှိသမျှတို့သည် ၎င်းတို့ကိုရောင်းပြီးလျှင် ရရှိသောငွေများကို ယူဆောင်လာကာ
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။