ညအချိန် စိတ်အာရုံတွင် လူသားနှင့်တူသောသူတစ်ဦး မိုးတိမ်ကိုစီးလျက်ကြွလာသည်ကို ငါမြင်ရ၏။ ရှေးအရှင်သခင်ရှိရာသို့ရောက်လာသောအခါ သူ့ကိုအထံတော်သို့ ခေါ်သွင်းကြ၏။
လုကာ 21:27 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူ့သားသည် တန်ခိုးနှင့် ကြီးမားသောဘုန်းအသရေတို့ဖြင့် မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။ Common Language Bible ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။- Garrad Bible မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ရ ကြ လိမ့် မည်။ Judson Bible ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် မိုးတိမ်စီးလျက်ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။ မြန်မာ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။- |
ညအချိန် စိတ်အာရုံတွင် လူသားနှင့်တူသောသူတစ်ဦး မိုးတိမ်ကိုစီးလျက်ကြွလာသည်ကို ငါမြင်ရ၏။ ရှေးအရှင်သခင်ရှိရာသို့ရောက်လာသောအခါ သူ့ကိုအထံတော်သို့ ခေါ်သွင်းကြ၏။
ထို့နောက် လူ့သား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ ထိုအခါ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးတို့သည် ရင်ဘတ်စည်တီးလျက် မြည်တမ်းကာ လူ့သားသည် တန်ခိုးနှင့်ကြီးမားသောဘုန်းအသရေတို့ဖြင့် ကောင်းကင်မှ မိုးတိမ်များစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
လူ့သားသည် မိမိ၏ဘုန်းအသရေကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာသောအခါ ဘုန်းအသရေနှင့်ပြည့်စုံသော မိမိ၏ပလ္လင်ပေါ်၌ ထိုင်တော်မူလိမ့်မည်။
ယေရှုက“သင်ပြောသည့်အတိုင်းပေတည်း။ ထို့ပြင် သင်တို့အား ငါဆိုမည်။ နောင်တွင် လူ့သားသည် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၏လက်ယာဘက်၌ထိုင်၍ ကောင်းကင်မိုးတိမ်များစီးလျက်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ထိုအခါ လူ့သားသည် ကြီးမားသောတန်ခိုးနှင့် ဘုန်းအသရေတို့ဖြင့် မိုးတိမ်များစီးလျက်ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။
အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြမည်ဖြစ်၍ လူတို့သည် ကမ္ဘာပေါ်တွင်သက်ရောက်လာမည့်အရာများကို ကြိုတွေးလျက် ကြောက်ရွံ့သဖြင့် သတိလစ်မေ့မြောကြလိမ့်မည်။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
တစ်ဖန် ငါကြည့်လိုက်ရာ ဖြူသောမိုးတိမ်ရှိ၍ ထိုမိုးတိမ်ပေါ်တွင် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက် လက်၌ ထက်သောတံစဉ်ကိုကိုင်ထားသည့် လူ့သားနှင့်တူသောသူတစ်ဦးထိုင်နေ၏။