အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 21:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​၏​မိဘ၊ ညီအစ်ကို၊ ဆွေမျိုး​နှင့် မိတ်ဆွေ​တို့​ပင်လျှင် သင်​တို့​ကို​အပ်နှံ​ကြ​လိမ့်မည်။ သင်​တို့​တွင် အချို့​တို့​သည် အသေ​သတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​တို့​အား​မိ​ဘ​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ​က ရန်​သူ့​လက်​သို့​အပ်​ကြ​လိမ့်​မည်။ သင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​ကို​သတ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ သည် မိ ဘ၊ ညီ အစ် ကို၊ အ မျိုး သား ချင်း၊ အ ဆွေ ခင် ပွန်း များ ဖြင့် ပို့ အပ် ခံ၍ အ ချို့ တို့ သေ ဒဏ် ခံ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​မိ​ဘ၊ ညီ​အစ်​ကို၊ ပေါက်​ဖော်၊ အ​ဆွေ​ခင်​ပွန်း​တို့​သည် သင်​တို့​ကို အပ်​နှံ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို​လည်း သတ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

မိဘ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ​နှင့် မိတ်ဆွေများ​ပင်လျှင် သင်တို့​ကို သစ္စာဖောက်ကြ​လိမ့်မည်။ သင်တို့​ထဲမှ အချို့သော​သူတို့​ကို သတ်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

သင်​တို့​မိ​ဘ၊ ညီ​အစ်​ကို၊ ပေါက်​ဖော်၊ အ​ဆွေ​ခင်​ပွန်း​တို့​သည် သင်​တို့​ကို အပ်​နှံ​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို​လည်း သတ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။



လုကာ 21:16
14 ပူးပေါင်းရင်းမြစ်များ  

သင့်​ညီအစ်ကို​၊ သင့်​ဖခင်​၏​အိမ်သူအိမ်သား​တို့​ပင်လျှင် သင့်​ကို သစ္စာဖောက်​လေ​ပြီ​။ သူ​တို့​သည် သင့်​နောက်သို့​လိုက်​၍ ကျယ်လောင်​စွာ​ဟစ်ခေါ်​လေ​ပြီ​။ သူ​တို့​သည် သင့်​အား ချိုသာ​စွာ​ပြော​လျှင်လည်း မ​ယုံ​နှင့်​။


“​လူ​တိုင်း မိမိ​၏​အိမ်နီးချင်း​ကို သတိပြု​ကြ​လော့​။ မည်သည့်​ညီအစ်ကို​ကို​မျှ မ​ယုံ​ကြ​နှင့်​။ အကြောင်းမူကား ညီအစ်ကို​အားလုံး လူလိမ်​သက်သက်​သာ​ဖြစ်​ကြ​၏​။ အိမ်နီးချင်း​အားလုံး​သည်​လည်း အတင်းအဖျင်း​လိုက်ပြော​သော​သူ​များ​သာ​ဖြစ်​ကြ​၏​။


ညီအစ်ကို​ချင်း တစ်ဦး​က​တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို​ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို သေ​စေရန်​ပြု​ကြ​လိမ့်မည်။


ညီအစ်ကို​ချင်း တစ်ဦး​က တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို​သေ​စေရန်​ပြု​ကြ​လိမ့်မည်။


ဖခင်​သည် သား​ကို​လည်းကောင်း၊ သား​သည် ဖခင်​ကို​လည်းကောင်း၊ မိခင်​သည် သမီး​ကို​လည်းကောင်း၊ သမီး​သည် မိခင်​ကို​လည်းကောင်း၊ ယောက္ခမ​သည် ချွေးမ​ကို​လည်းကောင်း၊ ချွေးမ​သည် ယောက္ခမ​ကို​လည်းကောင်း ဆန့်ကျင်​လျက် ကွဲပြား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


အကြောင်းမူကား သင်​တို့​ကို ဆန့်ကျင်​သော​သူ​တစ်စုံတစ်ဦး​မျှ မ​ငြင်းခုံ​မ​ဟန့်တား​နိုင်​သော နှုတ်​အစွမ်း​နှင့်​ဉာဏ်ပညာ​တို့​ကို သင်​တို့​အား ငါ​ပေး​မည်။


လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။


ယောဟန်​၏​အစ်ကို​ယာကုပ်​ကို ဓား​ဖြင့်​ကွပ်မျက်​လေ​၏။


သူ​တို့​သည် သတေဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သတေဖန်​သည် ပတ္ထနာ​ပြု​လျက် “သခင်​ယေရှု၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို လက်ခံ​တော်မူ​ပါ”​ဟု မြွက်ဆို​လေ​၏။


ညီအစ်ကို​များ​သည် သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့်​လည်းကောင်း၊ မိမိ​တို့​သက်သေခံ​သော​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ သူ့​ကို​အောင်နိုင်​ခဲ့​ကြ​၏။ သူ​တို့​သည် အသေခံ​ရ​သည့်​တိုင်အောင် မိမိ​တို့​အသက်​ကို​နှမြော​ခြင်း​မ​ရှိ​ကြ။


သင်​သည် မည်သည့်​အရပ်​၌​နေထိုင်​သည်​ကို ငါ​သိ​၏။ ထို​အရပ်​၌ စာတန်​၏​ပလ္လင်​ရှိ​၏။ ငါ​၌​သစ္စာ​ရှိ​သော ငါ​၏​သက်သေ​အန္တိပ​သည် စာတန်​နေထိုင်​ရာ​အရပ်​ဖြစ်​သော​သင်​တို့​ထံ၌ အသတ်​ခံရ​သည့်​အချိန်​၌​ပင် သင်​သည် ငါ​၏​နာမ​ကို​စွဲကိုင်​လျက် ငါ့​အပေါ်​ထား​သော​ယုံကြည်​ခြင်း​ကို မ​စွန့်ပယ်​ခဲ့​ချေ။


သိုးသငယ်​တော်​သည် ပဉ္စမ​တံဆိပ်​ကို​ဖွင့်​သောအခါ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကြောင့်​လည်းကောင်း၊ မိမိ​တို့​ရရှိ​ထား​သော​သက်သေခံ​ချက်​ကြောင့်​လည်းကောင်း အသေ​သတ်​ခြင်း​ခံရ​သော​သူ​တို့​၏​ဝိညာဉ်​များ​ကို ယဇ်ပလ္လင်​အောက်​တွင် ငါ​မြင်​ရ​၏။