သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွားရာ မိဘတို့သည် သူငယ်အတွက် ပညတ်တရား၏ထုံးတမ်းစဉ်လာအတိုင်းပြုရန် သူငယ်ယေရှုကိုခေါ်ဆောင်လာကြ၏။
လုကာ 2:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေ၏ပညတ်တရားကျမ်းအတိုင်း မိမိတို့အတွက် စင်ကြယ်ခြင်းဝတ်ကိုပြုရမည့်နေ့ရက်များစေ့သောအခါ မိဘတို့သည် သူငယ်ကို ထာဝရဘုရားထံဆက်ကပ်ရန် ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားကြ၏။ Common Language Bible မောရှေ၏ပညတ်ပြဋ္ဌာန်းချက်အရမိဘ နှစ်ပါးတို့သည်သန့်စင်ခြင်းမင်္ဂလာကိုပြု ရန်အချိန်ရောက်လာသဖြင့် သူငယ်တော်ကို ယေရုရှလင်မြို့သို့ခေါ်သွား၍ထာဝရ ဘုရားအားဆက်ကပ်ကြ၏။- Garrad Bible ထို နောက် မော ရှေ၏ ပ ည တ္တိ ကျမ်း အ တိုင်း သန့် စေ ခြင်း ဆိုင် ရာ နေ့ ရက် များ ကုန် လွန် သည့် ကာ လ အ ဦး ဖွား သော သား ယောက်ျား တိုင်း ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် သူ ဟု သ မုတ် ရ မည် ဟူ၍ ထာ ဝ ရ ဘု ရား၏ ပ ညတ် တ ရား တော် ချက် အ ရ သူ ငယ် တော် ကို ထာ ဝ ရ ဘု ရား အား ဆက် သ ရန် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ ပ ညတ် တ ရား တော် ချက် အ ရ ချိုး တစ် စုံ ကို ဖြစ် စေ၊ ခို ငယ် နှစ် ကောင် ကို ဖြစ် စေ ပူ ဇော် ရန် လည်း ကောင်း၊ သူ ငယ် တော် ကို ယေ ရု ရှ လင် မြို့ သို့ ဆောင် သွား ကြ၏။ Judson Bible ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် မောရှေ၏ပညတ်ကျမ်းအတိုင်း သန့်ရှင်းစင်ကြယ်ခြင်းကျင့်ဝတ်ကို ပြုချိန်ရောက်လာသောအခါ မိဘနှစ်ပါးတို့သည် ယေရှုကို ဘုရားသခင်ထံဆက်ကပ်ရန် ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွားကြ၏။ မြန်မာ ထိုနောက် မောရှေ၏ ပညတ်တရားအတိုင်း စင်ကြယ်ခြင်းကိုပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့သည် သူငယ်ကို ယေရှုရှလင်မြို့သို့ ဆောင်သွား၍၊- |
သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွားရာ မိဘတို့သည် သူငယ်အတွက် ပညတ်တရား၏ထုံးတမ်းစဉ်လာအတိုင်းပြုရန် သူငယ်ယေရှုကိုခေါ်ဆောင်လာကြ၏။
သို့သော် ဟန္နက လိုက်မသွားဘဲ သူ့ခင်ပွန်းအား “သူငယ်နို့ပြတ်ပြီးမှ သူ့ကို ခေါ်သွားမည်။ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ ထိုနေရာတွင် အစဉ်အမြဲနေရမည်”ဟု ဆို၏။