နာဇရက်ဟုခေါ်သောမြို့တွင် သွားရောက်နေထိုင်လေ၏။ ဤသည်ကား “ကိုယ်တော်သည် နာဇရက်မြို့သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်”ဟူ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
လုကာ 18:37 - မြန်မာ့စံမီသမ္မာကျမ်း လူတို့ကနာဇရက်မြို့သားယေရှုဖြတ်သွားတော်မူကြောင်း သူ့အား ပြောပြကြလျှင် Common Language Bible လူတို့ကနာဇရက်မြို့သားယေရှုကြွလာ တော်မူလျက်ရှိကြောင်းပြောကြ၏။ Garrad Bible နာ ဇ ရက် မြို့ သား ယေ ရှု လျှောက် ကြွ သည် ကို ကြား ပြော ကြ သ ဖြင့်၊ Judson Bible နာဇရက်မြို့သားယေရှု ကြွသွားကြောင်းကို သူတစ်ပါးပြောလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူများတို့က နာဇရက်မြို့သားယေရှု ဖြတ်ကြွကြောင်း သူ့အား ပြောပြကြ၏။ မြန်မာ နာဇရက်မြို့သားယေရှု ကြွသွားကြောင်းကို သူတစ်ပါးပြောလျှင်၊- |
နာဇရက်ဟုခေါ်သောမြို့တွင် သွားရောက်နေထိုင်လေ၏။ ဤသည်ကား “ကိုယ်တော်သည် နာဇရက်မြို့သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်”ဟူ၍ ပရောဖက်များအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
သူသည် လူထုပရိသတ်ဖြတ်သွားသည်ကိုကြား၍ မည်သည့်အရာဖြစ်နေသည်ကို မေးမြန်းလေ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူပြန်သွား၍ နာဇရက်မြို့သို့ရောက်သောအခါ သူတို့ကိုနာခံလျက်နေတော်မူ၏။ မယ်တော်မူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင် “မောရှေသည် ပညတ်တရားကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည်လည်း သူတို့ကျမ်း၌လည်းကောင်း ရေးသားဖော်ပြထားသောသူ၊ ယောသပ်၏သား၊ နာဇရက်မြို့မှယေရှုကို ငါတို့တွေ့ကြပြီ”ဟု ဆို၏။
ပိလတ်မင်းသည် ကမ္ပည်းကိုလည်း ရေးထိုး၍ လက်ဝါးကပ်တိုင်ပေါ်မှာတပ်ထား၏။ ထိုကမ္ပည်းတွင် “ဂျူးလူမျိုးတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု”ဟု ရေးထား၏။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။
အကြောင်းမူကား ကိုယ်တော်က “ငါသည် နှစ်သက်လက်ခံဖွယ်ရာအချိန်၌ သင်၏စကားကိုနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်၌ သင့်ကိုကူညီမစပြီ”ဟု မိန့်တော်မူ၏။ ကြည့်ရှုလော့။ ယခုပင် နှစ်သက်လက်ခံဖွယ်ရာအချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ဖြစ်၏။