ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
လုကာ 16:13 - မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အစေခံမျှ သခင်နှစ်ဦးကို အစေခံ၍မရနိုင်။ အကြောင်းမူကား သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်လိမ့်မည်။ သို့မဟုတ် တစ်ဦးကိုသစ္စာစောင့်၍ တစ်ဦးကိုမထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့်လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်းအစေခံ၍မရနိုင်ကြ”ဟု မိန့်တော်မူ၏။ Common Language Bible ``အဘယ်အစေခံမျှသခင်နှစ်ဦး၏အစေ ကိုမခံနိုင်။ သူသည်သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ တစ်ဦးကိုသစ္စာရှိ၍တစ်ဦး ကိုမလေးမခန့်ပြုမည်။ သင်တို့သည်တစ်ချိန် တည်းမှာပင်ဘုရားသခင်၏အစေနှင့်လောက စည်းစိမ်ချမ်းသာ၏အစေကိုမခံနိုင်ကြ'' ဟုမိန့်တော်မူ၏။ Garrad Bible တစ် ဦး ကို မုန်း၍ တစ် ဦး ကို ချစ် ခြင်း၊ တစ် ဦး ကို လိုက် နာ၍ တစ် ဦး ကို မ လေး မြတ် ခြင်း မ ပြု ဘဲ သ ခင် နှစ် ဦး ထံ မည် သူ မျှ အ စေ မ ခံ နိုင် သည့် နည်း တူ သင် တို့ သည် ဘု ရား သ ခင်၏ အ စေ၊ ဓ န၏ အ စေ နှစ် ရပ် ကို မ ခံ နိုင် ကြ ဟု မိန့် တော် မူ၏။ Judson Bible အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏ အစေကိုလည်းကောင်း မခံနိုင်ကြဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သည့်ကျွန်မျှ သခင်နှစ်ဦးကို အစေမခံနိုင်ပေ။ သခင်တစ်ဦးကို မုန်း၍ ကျန်တစ်ဦးကို ချစ်မည်။ သို့မဟုတ် သခင်တစ်ဦးကို ကြည်ညိုလေးစား၍ ကျန်တစ်ဦးကို မခန့်လေးစားပြုမည်။ သင်တို့သည် ဘုရားသခင်နှင့် ငွေကို တစ်ချိန်တည်းတွင် အစေခံရန် မဖြစ်နိုင်ပါ” ဟု မိန့်တော်မူ၏။ မြန်မာ အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏ အစေကိုလည်းကောင်း မခံနိုင်ကြဟု မိန့်တော်မူ၏။- |
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
မည်သူမျှ သခင်နှစ်ဦးကို အစေခံ၍မရနိုင်။ အကြောင်းမူကား သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်လိမ့်မည်။ သို့မဟုတ် တစ်ဦးကိုသစ္စာစောင့်၍ တစ်ဦးကိုမထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့်လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်းအစေခံ၍မရနိုင်ကြ။
ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
“တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိမိ၏ဖခင်၊ မိခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။
သင်တို့သည် သူတစ်ပါး၏ဥစ္စာ၌ သစ္စာမရှိကြလျှင် မည်သူသည် သင်တို့ပိုင်ဆိုင်ရန်ဥစ္စာကို သင်တို့အားပေးမည်နည်း။
တစ်ဖန် သင်တို့အား ငါဆိုမည်။ မတရားမှုမကင်းသောလောကီစည်းစိမ်အားဖြင့် မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များကုန်ဆုံးသောအခါ သူတို့သည် သင်တို့ကို ထာဝရနေထိုင်ရာအရပ်၌လက်ခံကြလိမ့်မည်။
သို့သော် ယေရှုက“မတားမြစ်ကြနှင့်။ အကြောင်းမူကား သင်တို့ကိုမဆန့်ကျင်သောသူသည် သင်တို့ဘက်သားဖြစ်၏”ဟု မိန့်တော်မူ၏။
ဖောက်ပြန်သောသူတို့၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။