အိမ်တော်အတွင်းနံရံကို သစ်ကတိုးပြားများဖြင့် တည်ဆောက်၏။ အိမ်တော်ကြမ်းပြင်မှ မျက်နှာကြက်အထိ အတွင်းနံရံများကို သစ်သားများဖြင့် အုပ်ထား၏။ အိမ်တော်ကြမ်းခင်းကိုမူ ထင်းရှူးပြားများဖြင့် ခင်းထား၏။
ရှောလမုန်သီချင်း။ 8:9 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မြို့ရိုးဖြစ်လျှင် ထိုအပေါ်တွင် ငွေပြအိုးကိုတည်မည်။ သူသည် တံခါးဖြစ်လျှင် သူ့ကိုသစ်ကတိုးသားဖြင့် ဆောက်လုပ်မည်။” Common Language Bible ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသော ကျေးဇူးရှိ၏။ Garrad Bible မြို့ ရိုး သ ဖွယ် ဖြစ် လျှင်၊ ငွေ ပြ အိုး တည် ဆောက် လိမ့် မည်။ တံ ခါး သ ဖွယ် ဖြစ် လျှင် မူ ကား၊ ထင်း ရူး ပျဉ် ဖြင့် ကာ ရံ လိမ့် မည်။ Judson Bible သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့စေမည်။ |
အိမ်တော်အတွင်းနံရံကို သစ်ကတိုးပြားများဖြင့် တည်ဆောက်၏။ အိမ်တော်ကြမ်းပြင်မှ မျက်နှာကြက်အထိ အတွင်းနံရံများကို သစ်သားများဖြင့် အုပ်ထား၏။ အိမ်တော်ကြမ်းခင်းကိုမူ ထင်းရှူးပြားများဖြင့် ခင်းထား၏။
“သင့်အဖို့ ငွေပုတီးလုံးစီချယ်ထားသော ရွှေတန်ဆာများကို ငါတို့ပြုလုပ်ပေးမည်။”
အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။
သင့်လူမျိုးတို့သည် ရှေးအပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်ကြမည်။ ခေတ်ကာလအဆက်ဆက်မှ ပျက်စီးခဲ့သောအုတ်မြစ်တို့ကို ပြန်ချမည်။ သင့်ကိုလည်း ပြိုပျက်သောမြို့ရိုးကိုပြန်တည်ဆောက်သူ၊ လူနေလမ်းများကိုပြန်ပြုပြင်သူဟု ခေါ်ဆိုကြမည်။
ငါသည် ကြေးနီအစား ရွှေ၊ သံအစား ငွေ၊ သစ်သားအစား ကြေးနီ၊ ကျောက်အစား သံကို ယူခဲ့မည်။ ငါသည် ငြိမ်သက်ခြင်းကို သင်၏ကြီးကြပ်ကွပ်ကဲသူဖြစ်စေမည်။ ဖြောင့်မတ်ခြင်းကို သင်၏အုပ်ချုပ်သူဖြစ်စေမည်။
သူတို့သည် ရှေးပြိုပျက်ရာတို့ကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ ယခင်က လူသူကင်းမဲ့သောအရပ်တို့ကို ပြန်လည်ထူထောင်ကြလိမ့်မည်။ မျိုးဆက်အဆက်ဆက်လူသူကင်းမဲ့၍ ပြိုပျက်နေသောမြို့တို့ကို ပြုပြင်ကြလိမ့်မည်။
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
သူတို့ရောက်ကြသောအခါ အသင်းတော်ကိုစုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို လူမျိုးခြားတို့အတွက် ဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောကြားကြ၏။
‘ဤအရာများနောက်တွင် ငါသည် ပြန်လာ၍ ပြိုလဲသောဒါဝိဒ်၏တဲကို ပြန်၍တည်ဆောက်မည်။ ငါသည် ဖြိုဖျက်ခြင်းခံရသော ထိုတဲကို ပြန်၍တည်ဆောက်ပြီး ၎င်းကို ပြန်လည်ခိုင်ခံ့စေမည်။
တစ်စုံတစ်ယောက်သည် သင့်အိမ်ပေါ်မှပြုတ်ကျ၍ သင့်အိမ်၌လူသတ်သောအပြစ် မကျရောက်စေရန် သင်သည် အိမ်အသစ်ဆောက်သောအခါ သင်၏ခေါင်မိုးပြင်၌ အကာအရံလုပ်ရမည်။