အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 21:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​က​လည်း“လှေ​၏​ယာ​ဘက်​တွင် ပိုက်ကွန်​ကို​ပစ်ချ​ကြ​လော့။ ထိုသို့ပြုလျှင် ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် သူ​တို့​သည် ပိုက်ကွန်​ကို​ပစ်ချ​ကြ​ရာ ငါး​များစွာ​မိ​သဖြင့် ပိုက်ကွန်​ကို​ဆွဲ​တင်​၍​မ​ရ​နိုင်​ကြ​တော့​ပေ။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​က ``သင်​တို့​လှေ​၏​လက်​ယာ​ဘက်​သို့ ကွန်​ကို​ပစ်​လော့၊ ငါး​မိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ ၏။ မိန့်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​သည်​ကွန်​ကို ပစ်​ကြ​ရာ​မိ​သည့်​ငါး​များ​လှ​သ​ဖြင့်​ကွန်​ကို မ​ဆွဲ​တင်​နိုင်​ကြ​ချေ။

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ်တော်က လှေ့ယာဘက်တွင်ပိုက်ချလော့။ ရကြလိမ့်မည်ဟုမိန့်တော်မူသည့်အတိုင်းချကြရာ ငါးများစွာမိသဖြင့် မဆွဲမတင်နိုင်ကြ။

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​ဖန်​ယေ​ရှု​က၊ လှေ​လက်​ယာ​ဘက်၌ ပိုက်​ကွန်​ကို​ပစ်​ချ​လော့။ ထို​သို့​ပြု​လျှင် ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပစ်​ချ၍​များ​စွာ​သော​ငါး​တို့​ကို အုပ်​မိ​သော​ကြောင့်၊ ပိုက်​ကွန်​ကို​ဆွဲ၍​မ​ရ​နိုင်။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​က “သင်တို့​၏ ပိုက်ကွန်​ကို လှေ​၏ လက်ယာ​ဘက်သို့ ပစ်ချလော့။ ငါး​များစွာ မိ​လိမ့်မည်” ဟု မိန့်တော်မူ၏။ သူတို့​သည် ယေရှု​မိန့်တော်မူသည့်​အတိုင်း ပိုက်ကွန်​ကို ပစ်ကြ​ရာ ငါး​များစွာ ဖမ်းမိ​သောကြောင့် ပိုက်ကွန်​ကိုပင် မဆွဲတင်နိုင်ကြချေ။

အခန်းကိုကြည့်ပါ။

မြန်မာ

တစ်​ဖန်​ယေ​ရှု​က၊ လှေ​လက်​ယာ​ဘက်၌ ပိုက်​ကွန်​ကို​ပစ်​ချ​လော့။ ထို​သို့​ပြု​လျှင် ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပစ်​ချ၍​များ​စွာ​သော​ငါး​တို့​ကို အုပ်​မိ​သော​ကြောင့်၊ ပိုက်​ကွန်​ကို​ဆွဲ၍​မ​ရ​နိုင်။

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 21:6
8 ပူးပေါင်းရင်းမြစ်များ  

မိုးကောင်းကင်​ငှက်​များ​၊ ပင်လယ်​ငါး​များ​နှင့် သမုဒ္ဒရာ​ရေကြောင်း​တို့​၌ ကူးခပ်သွားလာ​သည့် သတ္တဝါ​များ​ပါ​၏​။


အင်္ဂေဒိ​မှ ဧနေဂလိ​အရပ်​တိုင်အောင် ကမ်းစပ်​တစ်လျှောက်​သည် တံငါသည်​တို့​ကျင်လည်​ရာ​၊ သူ​တို့​၏​ပိုက်ကွန်​များ​ဖြန့်​ရာ​အရပ် ဖြစ်​လိမ့်မည်​။ မြေထဲပင်လယ်​ရှိ​ငါး​များ​ကဲ့သို့ ထို​အရပ်​၌ ငါး​တို့​သည် အမျိုး​အလိုက် အလွန်​များပြား​ကြ​လိမ့်မည်​။


မိုး​ရွာ​၍ မြစ်​ရေ​စီးဆင်း​လာ​ကာ လေ​ထန်​သဖြင့် ထို​အိမ်​ကို​တိုက်ခတ်​သောအခါ ထို​အိမ်​သည်​ပြိုလဲ​သွား​၏။ ၎င်း​၏​ပြိုလဲ​ခြင်း​သည်​လည်း ဆိုးရွား​လှ​ပေ​၏။”


မယ်တော်​သည် အစေခံ​တို့​အား “သူ​စေခိုင်း​သမျှ​တို့​ကို ဆောင်ရွက်​ကြ​ပါ”​ဟု ဆို​၏။


ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။


သို့သော် နှုတ်ကပတ်​တရား​ကို ကြားနာ​သူ​များစွာ​တို့​သည် ယုံကြည်​ကြ​ရာ ယောက်ျား​အရေအတွက် ငါး​ထောင်​ခန့်မျှ​ဖြစ်လာ​လေ​၏။