ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။
ရှင်ယောဟန် 18:38 - မြန်မာ့စံမီသမ္မာကျမ်း ပိလတ်မင်းက “သမ္မာတရားဆိုသည်မှာ အဘယ်နည်း”ဟု ဆိုပြီးလျှင် ဂျူးလူမျိုးတို့ရှိရာသို့ တစ်ဖန်ထွက်သွား၍ “ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့။ Common Language Bible ပိလတ်မင်းက ``သမ္မာတရားကားအဘယ် နည်း'' ဟုမေး၏။ ထိုနောက်ပိလတ်မင်းသည်လူတို့ထံထွက်လာပြီး လျှင် ``ထိုသူအားအပြစ်ဒဏ်စီရင်ရန်အကြောင်း တစ်စုံတစ်ရာကိုမျှငါမတွေ့။- Garrad Bible ပိလတ်မင်းက သမ္မာတရားဆိုသော် မည်သို့နည်းဟုမေးပြီးလျှင် ယုဒလူမျိုးတို့ရှိရာသို့ထွက်ပြန်၍ ထိုသူ၌ ပြစ်မှုကိုငါမတွေ့။ Judson Bible ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တစ်ဖန် ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပိလတ်မင်းက “သမ္မာတရားဆိုသည်မှာ အဘယ်နည်း” ဟု မေး၏။ ထို့နောက် ပိလတ်မင်းသည် ဂျူးလူမျိုးများရှိရာ အပြင်သို့ တစ်ဖန်ထွက်၍ “ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့။ မြန်မာ ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တစ်ဖန် ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။ |
ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။
ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်အပြစ်ကိုကျူးလွန်ခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
ထိုအခါ ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုပရိသတ်တို့အား “ဤသူ၌ အပြစ်တစ်စုံတစ်ခုကိုမျှ ငါမတွေ့”ဟု ဆို၏။
ထို့ကြောင့် ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကိုခေါ်ပြီးလျှင် “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။
ပိလတ်မင်းသည် နောက်တစ်ဖန် အပြင်သို့ထွက်လာ၍ “နားထောင်ကြလော့။ ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိမြင်ရန် သူ့ကို သင်တို့ရှိရာသို့ခေါ်ဆောင်လာမည်”ဟု ဆို၏။
ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့် အစောင့်တပ်သားတို့သည် ကိုယ်တော်ကိုမြင်သောအခါ “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ၊ လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “ငါသည် ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ မတွေ့သောကြောင့် သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလော့”ဟု ဆိုလေ၏။
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြားကြသောအခါ အချို့သောသူတို့သည် ကဲ့ရဲ့ကြ၏။ အချို့သောသူတို့ကမူ “ဤအကြောင်းနှင့်ပတ်သက်၍ သင့်ထံမှ နောက်တစ်ဖန် နားထောင်ဦးမည်”ဟု ဆိုကြ၏။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။