ကိုယ်တော်သည် ဤနေရာ၌မရှိ။ အကြောင်းမူကား မိန့်တော်မူခဲ့သည့်အတိုင်း ထမြောက်တော်မူပြီ။ ကိုယ်တော်လျောင်းတော်မူခဲ့သည့်နေရာကို လာကြည့်ကြလော့။
ရှင်ယောဟန် 11:34 - မြန်မာ့စံမီသမ္မာကျမ်း “သူ့ကိုအဘယ်မှာသင်္ဂြိုဟ်ကြသနည်း”ဟု မေးတော်မူ၏။ သူတို့ကလည်း “သခင်ဘုရား၊ ကြွ၍ကြည့်ရှုတော်မူပါ”ဟု လျှောက်ကြ၏။ Common Language Bible ကိုယ်တော်က ``သူ့အလောင်းကိုအဘယ်မှာ သင်္ဂြိုဟ်ကြသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သခင်ကြွ၍ကြည့်တော်မူ ပါ'' ဟုလျှောက်ထားကြ၏။- Garrad Bible အလောင်းကို အဘယ်မှာသွင်းထားကြသနည်းဟုမေးတော်မူရာ အရှင်ဘုရား၊ ကြွ၍ရှုတော်မူပါဟုလျှောက်ကြ၏။ Judson Bible အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “လာဇရုအလောင်းကို အဘယ်မှာ သင်္ဂြိုဟ်ကြသနည်း” ဟု မေးတော်မူ၏။ သူတို့က “သခင် ကြွလာ၍ ကြည့်တော်မူပါ” ဟု လျှောက်ကြ၏။ မြန်မာ အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။- |
ကိုယ်တော်သည် ဤနေရာ၌မရှိ။ အကြောင်းမူကား မိန့်တော်မူခဲ့သည့်အတိုင်း ထမြောက်တော်မူပြီ။ ကိုယ်တော်လျောင်းတော်မူခဲ့သည့်နေရာကို လာကြည့်ကြလော့။
မာဂဒလမြို့သူမာရိနှင့် ယောသေ၏မိခင်ဖြစ်သောမာရိတို့သည်လည်း မည်သည့်နေရာ၌ အလောင်းတော်ထားကြသည်ကို ကြည့်ရှုကြ၏။
သို့သော် ထိုသူက “ထိတ်လန့်အံ့ဩခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော နာဇရက်မြို့သားယေရှုကိုရှာကြ၏။ ကိုယ်တော်သည်ထမြောက်တော်မူပြီ။ ဤနေရာ၌မရှိ။ အလောင်းတော်သွင်းထားသည့်နေရာကိုကြည့်ကြလော့။
ယေရှုက“လာကြလော့။ သင်တို့သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူသည့်အတိုင်း သူတို့သည်လိုက်သွား၍ နေတော်မူရာအရပ်ကိုတွေ့မြင်ကြပြီး ထိုနေ့၌ ကိုယ်တော်နှင့်အတူနေခဲ့ကြ၏။ ထိုအချိန်ကား ညနေလေးနာရီခန့်ဖြစ်၏။
ယေရှုသည် မာရိငိုကြွေးနေသည်ကိုလည်းကောင်း၊ လိုက်လာသောဂျူးလူမျိုးတို့သည်လည်း ငိုကြွေးနေကြသည်ကိုလည်းကောင်း မြင်တော်မူလျှင် စိတ်တော်ထဲတွင်ညည်းတွားလျက် ရင်တွင်း၌မငြိမ်မသက်ဖြစ်ကာ
ထို့ကြောင့် သူသည် ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ထံသို့ ပြေးသွား၍ “သခင်ဘုရားကို သင်္ချိုင်းဂူထဲမှ သူတို့ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ”ဟု ဆိုလေ၏။