သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
ရှင်ယောဟန် 10:33 - မြန်မာ့စံမီသမ္မာကျမ်း ဂျူးလူမျိုးတို့က “ကောင်းသောအမှုကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကိုစော်ကားသောကြောင့်ဖြစ်၏”ဟု ပြန်ပြောကြ၏။ Common Language Bible သူတို့က ``ကောင်းမြတ်သောအမှုတစ်စုံတစ်ရာ ကိုသင်ပြုသောကြောင့်ခဲနှင့်ပေါက်မည်မဟုတ်။ သင်သည်လူစင်စစ်ဖြစ်ပါလျက်ဘုရားယောင် ဆောင်ကာ ဘုရားသခင်အားပြစ်မှားသည့်စကား ကိုပြောသောကြောင့်ခဲနှင့်ပေါက်မည်'' ဟုဆို ကြ၏။ Garrad Bible ယုဒလူမျိုးတို့က ကောင်းသောအမှုကြောင့်မဟုတ်။ သင်သည်လူဖြစ်လျက် ကိုယ်ကိုဘုရားလုပ်၍ ပုတ်ခတ်မှုပြုသောကြောင့်ပစ်ခတ်သည်ဟု ဖြေဆိုကြ၏။ Judson Bible ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးတို့က “ကောင်းသောအမှုကို သင်ပြုသောကြောင့် သင့်ကို ခဲနှင့် ပေါက်သတ်မည်မဟုတ်။ သင်သည် သာမန်လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားသခင်အဖြစ် ကြွေးကြော်၍ ဘုရားသခင်ကို စော်ကားသောကြောင့် ခဲနှင့်ပေါက်သတ်မည်” ဟု ဆိုကြ၏။ မြန်မာ ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။- |
သူနှင့်မျက်နှာချင်းဆိုင်တွင် လူမိုက်နှစ်ယောက်ကိုထိုင်စေ၍ ‘သင်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲလေပြီ’ဟု သက်သေခံစေပြီးလျှင် သူ့ကိုဆွဲထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်စေ”ဟု ရေးထား၏။
ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏။ သင်တို့အားလုံးသည် အမြင့်ဆုံးသောအရှင်၏ သားသမီးများဖြစ်ကြ၏။
“ထိုကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွားလော့။ သူ၏ကျိန်ဆဲစကားကို ကြားသောသူတိုင်း သူ၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထို့နောက် လူထုတစ်ရပ်လုံး သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် “သင်သည် အကျွန်ုပ်တို့၏စိတ်ကို မည်မျှကြာအောင် ဒွိဟဖြစ်စေမည်နည်း။ သင်သည် ခရစ်တော်မှန်လျှင် အကျွန်ုပ်တို့အား အတိအလင်းပြောပါ”ဟု ဆိုကြ၏။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။
ထိုအတွက်ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ပို၍ကြိုးစားရှာကြံကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်နေ့ကိုဖောက်ဖျက်သည်သာမက ဘုရားသခင်ကိုမိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသောကြောင့်ဖြစ်၏။
အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။
ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ