သူတို့သည် များစွာသောနတ်ဆိုးတို့ကိုနှင်ထုတ်ကာ မကျန်းမာသောသူများစွာတို့ကို ဆီလိမ်း၍ကျန်းမာစေကြ၏။
များစွာသောနတ်မိစ္ဆာတို့ကိုနှင်ထုတ်ကြ၏။ ဖျားနာသူအမြောက်အမြားကိုဆီလိမ်း ၍ကျန်းမာစေကြ၏။
နတ် အ များ ကို နှင် ထုတ် လျက် သူ နာ အ များ ကို ဆီ လူး၍ ကျန်း မာ စေ ကြ ၏။
နတ်ဆိုးများကို နှင်ထုတ်ကြ၏။ မကျန်းမမာသော သူများတို့ကို ဆီနှင့်လူး၍ အနာကို ငြိမ်းစေကြ၏။
နတ်ဆိုးများစွာကို နှင်ထုတ်၍ ဖျားနာသူများစွာကိုလည်း သံလွင်ဆီဖြင့် လိမ်းကာ ကျန်းမာစေကြ၏။
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ နှစ်ဦးစီ၊ နှစ်ဦးစီစေလွှတ်ကာ သူတို့အား ညစ်ညူးသောနတ်တို့ကို နိုင်ရသောအခွင့်အာဏာကိုပေးတော်မူ၏။
ထို့နောက် ထိုအယောက်ခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်၌ နတ်ဆိုးတို့ပင် အကျွန်ုပ်တို့ကိုနာခံကြပါ၏”ဟု လျှောက်ကြ၏။