အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 3:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူထု​ပရိသတ်​များ​ရှိ​နေ​သောကြောင့် ကိုယ်တော်​သည် မိမိ​ကို လူ​တို့​မ​တိုးကြိတ်​မိ​စေရန် လှေ​တစ်​စီး​ကို သူ့​အတွက်​အဆင်သင့်​ထားရှိ​မည့်​အကြောင်း တပည့်​တော်​တို့​အား မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​မိ​မိ​အား​လူ​ထု​ပ​ရိ​သတ်​ကြီး မ​တိုး​မ​ကြိတ်​မိ​စေ​အံ့​သော​ငှာ မိ​မိ​အ​သုံး​ပြု ဖို့​လှေ​တစ်​စင်း​ကို​အ​သင့်​ထား​ရန်​တ​ပည့်​တော် တို့​အား​မိန့်​မှာ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ထံ တော် သို့ လာ ရောက် ကြ ရာ လူ အ များ တို့ ကို ကျန်း မာ စေ တော် မူ သ ဖြင့် ကိုယ် တော် ကို တို့ ခြင်း ငှါ အ နာ ရော ဂါ စွဲ သူ ရှိ သ မျှ တို့ တိုး ဝင် ကြ သော ကြောင့် လူ ပ ရိ သတ် တိုး ဝှေ့ မည် ကို စိုး၍ လှေ ငယ် တစ် စင်း အ သင့် ထား စေ ရန် တ ပည့် တော် တို့ အား မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​များ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍ မ​ထိ​ခိုက်​စေ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ အ​နီး​အ​ပါး​တွင် လှေ​တစ်​စင်း​ကို အ​မြဲ​ရှိ​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား အ​မိန့်​တော်​ရှိ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​သည် မိမိ​ကို လူထုပရိသတ် မတိုးကြိတ်မိ​စေလို​သဖြင့် တပည့်တော်တို့​အား လှေတစ်စီး အသင့်ပြင်ထား​ရန် မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

လူ​များ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍ မ​ထိ​ခိုက်​စေ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏ အ​နီး​အ​ပါး​တွင် လှေ​တစ်​စင်း​ကို အ​မြဲ​ရှိ​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား အ​မိန့်​တော်​ရှိ၏။-

အခန်းကိုကြည့်ပါ။



ရှင်မာကု 3:9
9 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​ပြီးလျှင် လှေ​ပေါ်သို့​တက်​၍ မာဂဒါလ​မြို့​နှင့်ဆိုင်သော​အရပ်​ဒေသ​သို့ ကြွ​တော်မူ​၏။


တစ်ဖန် ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင် သွန်သင်​တော်မူ​ရာ အလွန်​များပြား​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​သဖြင့် ကိုယ်တော်​သည် ပင်လယ်​ကမ်းစပ်​ရှိ​လှေ​ပေါ်သို့​တက်​၍ ထိုင်​တော်မူ​၏။ လူထု​ပရိသတ်​အပေါင်း​တို့​မူကား ပင်လယ်​ကမ်း​ပေါ်တွင်​ရှိ​နေ​ကြ​၏။


ထို့ကြောင့် သူ​တို့​သည် လူထု​ပရိသတ်​ကို​ချန်ထား​ခဲ့​၍ လှေ​ပေါ်၌​ရှိ​နေ​သော​ကိုယ်တော်​ကို ခေါ်ဆောင်​သွား​ကြ​၏။ အခြား​သော​လှေ​များ​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ကြ​၏။


ယေရှု​သည် လှေ​ပေါ်မှ​ဆင်း​တော်မူ​သည့်​ခဏချင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သည့် လူ​တစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။


ယေရှု​သည် မိမိ​ထံမှ​တန်ခိုး​ထွက်​သည်​ကို ချက်ချင်း​သိ​တော်မူ​၍ လူထု​ပရိသတ်​ဘက်​သို့​လှည့်ကြည့်​ကာ“ငါ့​ဝတ်ရုံ​ကို မည်သူ​တို့ထိ​သနည်း”​ဟု မေး​တော်မူ​၏။


ထို့ကြောင့် သူ​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သူ​တို့​ချည်းသာ လှေ​ဖြင့်​ထွက်သွား​ကြ​၏။


တစ်နေ့သ၌ ယေရှု​သည် ဂင်နေသရက်​အိုင်​နား​တွင် ရပ်​လျက်​နေ​တော်မူ​စဉ် လူထု​ပရိသတ်​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြားနာ​ရန် ကိုယ်တော်​ထံသို့​တိုးဝှေ့​လာ​ကြ​၏။


ကိုယ်တော်​သည် ထို​လှေ​တို့​အနက် ရှိမုန်​၏​လှေ​ပေါ်သို့​တက်​၍ လှေ​ကို ကမ်း​မှ​အနည်းငယ်​ခွာ​ရန် သူ့​အား မိန့်​တော်မူ​၏။ ထို့နောက် ထိုင်​၍ လူထု​ပရိသတ်​တို့​အား လှေ​ပေါ်မှ သွန်သင်​တော်မူ​၏။


လူ​တို့​သည်​လာ​၍ မိမိ​ကို​အတင်း​ခေါ်ဆောင်​သွား​ပြီး မင်းမြှောက်​ရန် ကြံရွယ်​နေ​ကြ​သည်​ကို ယေရှု​သိ​တော်မူ​သဖြင့် တစ်ဖန် တောင်​ပေါ်သို့ တစ်ကိုယ်တည်း​ထွက်သွား​တော်မူ​၏။