ရှင်မာကု 14:30 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ယနေ့၊ ဤညတွင်ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ည၌ပင်ကြက်နှစ်ကြိမ်မတွန်မီ သင်သည်သုံးကြိမ်တိုင်တိုင်ငါ့ကိုမသိဟုငြင်း ဆိုလိမ့်မည်'' ဟုပေတရုအားမိန့်တော်မူ၏။ Garrad Bible ယေ ရှု က ငါ အ မှန် ဆို သည် ကား၊ သင် သည် ယ နေ့ ညဉ့် ပင် ကြက် နှစ် ကြိမ် မ တွန် မီ ငါ့ ကို သုံး ကြိမ် တိုင် ငြင်း ဆို လိမ့် မည် ဟု မိန့် တော် မူ သ ဖြင့်၊ Judson Bible ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်နှစ်ကြိမ်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင်ပင် ကြက်သည်နှစ်ကြိမ်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူလျှင်၊- |
ဘုရားသခင်သည် အလင်းကို နေ့ ဟုခေါ်ဝေါ်၍ အမှောင်ကို ည ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပထမနေ့ရက်ဖြစ်လေ၏။
ဘုရားသခင်သည် မိုးမျက်နှာကြက်ကို မိုးကောင်းကင် ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဒုတိယနေ့ရက်ဖြစ်လေ၏။
ယေရှုကလည်း“သင့်အား ငါအမှန်ဆိုသည်ကား ဤညတွင်ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ အိမ်ရှင်သည် မှောင်ရီပျိုးစချိန်၊ သို့မဟုတ် သန်းခေါင်အချိန်၊ သို့မဟုတ် ကြက်ဦးတွန်ချိန်၊ သို့မဟုတ် နံနက်စောစောအချိန်တို့ထဲမှ မည်သည့်အချိန်၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် သတိနှင့်စောင့်နေကြလော့။
ထိုအခါ ပေတရုက “အားလုံးစိတ်ပျက်ကြလျှင်လည်း အကျွန်ုပ်သည် စိတ်ပျက်မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
သို့သော် ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်အတွက်သေရလျှင်ပင် ကိုယ်တော်ကိုလုံးဝမငြင်းပယ်ပါ”ဟု အခိုင်အမာလျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
ကိုယ်တော်ကလည်း“ပေတရု၊ သင့်အား ငါဆိုမည်။ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ယေရှုက“ငါ့အတွက် သင်၏အသက်ကိုစွန့်မည်လော။ သင့်အား ငါအမှန်အကန်ဆိုမည်။ ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်။
ထိုအခါ တံခါးစောင့်ဖြစ်သော ထိုအစေခံမိန်းမက ပေတရုအား “သင်သည်လည်း ထိုသူ၏တပည့်တစ်ဦးဖြစ်သည်မဟုတ်လော”ဟု ဆိုလျှင် ပေတရုက “မဟုတ်ပါ”ဟု ဆိုလေ၏။