ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်မကောင်းဖြစ်ကြလျက် “သခင်ဘုရား၊ အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ဦးပြီးတစ်ဦးမေးလျှောက်ကြ၏။
ရှင်မာကု 14:19 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စိတ်မကောင်းဖြစ်လျက် “အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ယောက်ပြီးတစ်ယောက်မေးလျှောက်ကြ၏။ Common Language Bible တပည့်တော်တို့သည်စိတ်မချမ်းမသာဖြစ်ကြ လျက် ``ထိုသူသည်အကျွန်ုပ်ပေလော'' ဟုတစ်ဦး နောက်တစ်ဦးကိုယ်တော်အားမေးလျှောက်ကြ၏။ Garrad Bible ဝမ်း နည်း ကြ သ ဖြင့် တစ် ယောက် နောက် တစ် ယောက် တ ပည့် တော် လော ဟု မေး လျှောက် ကြ သော်၊ Judson Bible တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တစ်ယောက်နောက်တစ်ယောက် အသီးအသီး မေးလျှောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်ထိခိုက်လျက် “သခင်ဘုရား… ထိုသူသည် အကျွန်ုပ်လော” ဟု တစ်ဦးပြီးတစ်ဦး မေးလျှောက်ကြ၏။ မြန်မာ တပည့်တော်တို့သည် ဝမ်းနည်း၍၊ အကျွန်ုပ်လော၊ အကျွန်ုပ်လောဟု တစ်ယောက်နောက်တစ်ယောက် အသီးအသီး မေးလျှောက်ကြ၏။- |
ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်မကောင်းဖြစ်ကြလျက် “သခင်ဘုရား၊ အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ဦးပြီးတစ်ဦးမေးလျှောက်ကြ၏။
ထို့နောက် သူတို့သည် စားပွဲ၌ထိုင်လျက် စားသောက်နေကြစဉ် ယေရှုက“သင်တို့အား ငါအမှန်ဆိုသည်ကား ငါနှင့်အတူစားနေသော သင်တို့အထဲမှတစ်ဦးသည် ငါ့ကိုအပ်နှံလိမ့်မည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“တစ်ဆယ့်နှစ်ပါးသောသူတို့ထဲမှ တစ်ဦးဖြစ်ပြီး ငါနှင့်အတူတစ်ပန်းကန်ထဲတွင် လက်နှိုက်သောသူဖြစ်၏။
တပည့်တော်တို့သည် မည်သူ့ကိုရည်ညွှန်း၍ မိန့်တော်မူသည်ကို တွေးမရဖြစ်သဖြင့် တစ်ဦးကိုတစ်ဦးကြည့်နေကြ၏။