ကိုယ်တော်သည် လမ်း၌ကြွတော်မူစဉ် လူတစ်ဦးသည် ပြေးလာ၍ ရှေ့တော်၌ဒူးထောက်ကာ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် အကျွန်ုပ်သည် မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
ရှင်မာကု 14:14 - မြန်မာ့စံမီသမ္မာကျမ်း သူဝင်သွားသောအိမ်၏အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကိုစားမည့် ငါ့အခန်းသည် အဘယ်မှာရှိသနည်းဟု မေးလိုက်ပါ၏’ဟူ၍ ပြောကြလော့။ Common Language Bible ထိုသူ၏နောက်သို့လိုက်သွားကြလော့။ သူဝင်သော အိမ်မှအိမ်ရှင်အား ``ဆရာတော်နှင့်တပည့်များ ပသခါပွဲညစာကိုစားရန်အခန်းကားအဘယ် မှာနည်း'' ဟုဆရာတော်ကမေးကြောင်းပြော ကြလော့။- Garrad Bible လိုက် သွား ၍ ဝင် ရာ အိမ့် ရှင် အား ဆ ရာ က တ ပည့် တို့ နှင့် တ ကွ ပ သ ခါ ပွဲ ကို ငါ သုံး ဆောင် ရ မည့် ဧည့် ခန်း အ ဘယ် မှာ နည်း ဟူ၍ မေး လိုက် ကြောင်း ကြား ပြော ကြ လော့။ Judson Bible သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို စားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အိမ်ရှင်အား ‘ဆရာတော်က “ငါ၏ တပည့်တို့နှင့်အတူ ပသခါပွဲတော်ညစာကို စားရမည့် ဧည့်ခန်းသည် မည်သည့်နေရာတွင်ရှိသနည်း” ဟု သင့်အား မေးလိုက်ပါသည်’ ဟု ပြောကြလော့။ မြန်မာ သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကို စားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း။ ဆရာက မေးသည်ဟု အိမ်ရှင်ကို ပြောကြလော့။- |
ကိုယ်တော်သည် လမ်း၌ကြွတော်မူစဉ် လူတစ်ဦးသည် ပြေးလာ၍ ရှေ့တော်၌ဒူးထောက်ကာ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် အကျွန်ုပ်သည် မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
တစ်စုံတစ်ယောက်က ‘အဘယ်ကြောင့် ဤသို့ပြုကြသနည်း’ဟု သင်တို့ကိုမေးလျှင် ‘သခင်ဘုရားအလိုရှိသည်။ ဤနေရာသို့ ချက်ချင်းပြန်ပို့ပေးပါလိမ့်မည်’ဟု ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။
ကိုယ်တော်ကလည်း တပည့်တော်နှစ်ပါးကိုစေလွှတ်၍“မြို့ထဲသို့သွားကြလော့။ ထိုအခါ ရေအိုးထမ်းသောသူတစ်ဦးကို သင်တို့တွေ့ကြလိမ့်မည်။ ထိုသူ၏နောက်သို့လိုက်သွားကြပြီး
ထိုအခါ သူသည် အဆင်သင့်ခင်းကျင်းထားသောအပေါ်ထပ်ခန်းမကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာ၌ ငါတို့အတွက် ပြင်ဆင်ကြလော့”ဟု မိန့်တော်မူ၏။
အိမ်ရှင်အား ‘ဆရာက ငါ၏တပည့်များနှင့်အတူ ပသခါပွဲတော်ညစာကို သုံးဆောင်ရမည့်အခန်းသည် အဘယ်မှာရှိသနည်းဟု သင့်အား မေးလိုက်ပါသည်’ဟူ၍ ပြောကြလော့။
ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ မိမိ၏ညီမ မာရိကိုခေါ်လျက် “ဆရာရောက်လာပြီး သင့်ကိုခေါ်နေသည်”ဟု တိတ်တဆိတ်ပြောလေ၏။
သင်တို့သည် ငါ့ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြ၏။ ငါသည် ထိုအတိုင်းဖြစ်သောကြောင့် သင်တို့ ထိုသို့ခေါ်ကြသည်မှာ လျောက်ပတ်ပေ၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။