အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 1:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောဟန်​အကျဉ်းချ​ခံရ​ပြီးနောက် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ကြွ​တော်မူ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​လျက်

အခန်းကိုကြည့်ပါ။

Common Language Bible

ယော​ဟန်​အ​ကျဉ်း​ခံ​ရ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့​ကြွ​လာ​၍ ``ချိန်း​ချက်​တော်​မူ​ရာ အ​ချိန်​ကျ​ပြီ။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် လု​နီး​ပြီ။ နောင်​တ​ရ​၍​သ​တင်း​ကောင်း​ကို​ခံ​ယူ ယုံ​ကြည်​ကြ​လော့'' ဟု​ဘု​ရား​သ​ခင်​ထံ​မှ သ​တင်း​ကောင်း​ကို​ဟော​ပြော​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ယော ဟန် ပို့ အပ် ခံ ရ သည့် နောက် ယေ ရှု သည် ဂါ လိ လဲ နယ် သို့ ကြွ ရောက်၍၊

အခန်းကိုကြည့်ပါ။

Judson Bible

ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​သည်​နောက်၊ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယောဟန်​ထောင်ချ​ခံရ​ပြီးနောက် ယေရှု​သည် ဂါလိလဲပြည်​သို့ ကြွ​၍ ဘုရားသခင်​ထံတော်​မှ သတင်းကောင်း​ကို ဟောပြောတော်မူ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​သည်​နောက်၊ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။



ရှင်မာကု 1:14
16 ပူးပေါင်းရင်းမြစ်များ  

ယောဟန်​သည် ခရစ်တော်​ပြု​တော်မူ​သော​အမှု​များ​ကို ထောင်​ခန်း​ထဲ၌​ကြား​ရ​သောအခါ မိမိ​တပည့်​တို့​ကို​စေလွှတ်​၍


သူ​၏​ငယ်သား​တို့​အား “ဤ​သူ​သည် ဗတ္တိဇံ​ဆရာ​ယောဟန်​ဖြစ်​၏။ သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌​တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​လေ​၏။


ယောဟန်​အကျဉ်းချ​ခံရ​ကြောင်း​ကို ယေရှု​သည်​ကြား​လျှင် ဂါလိလဲ​နယ်​သို့ ကြွ​တော်မူ​၏။


ထို​အချိန်​မှစ၍ ယေရှု​သည်“ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု စတင်​ဟောပြော​တော်မူ​၏။


ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်​တစ်နယ်လုံး​ကို လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​တော်မူ​ကာ နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လျက် လူ​တို့​ထဲ၌​စွဲကပ်​နေ​သော ရောဂါ​အမျိုးမျိုး​နှင့်​အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။


ထို့နောက် ယေရှု​သည် မြို့​ရွာ​အားလုံး​ကို​လှည့်လည်​၍ ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ သွန်သင်​လျက် နိုင်ငံ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကာ ရောဂါ​အမျိုးမျိုး​နှင့် အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏။


ယောဟန်​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​၏​။ ဤသို့ဖြင့် သူ​၏​မကောင်း​မှု​အလုံးစုံ​တို့​အပေါ် မကောင်းမှု​ကို ထပ်ဆင့်​ပြု​လေ​၏။


ထို့နောက် မကြာမီ ကိုယ်တော်​သည် တစ်မြို့​ပြီး​တစ်မြို့၊ တစ်ရွာ​ပြီး​တစ်ရွာ​လှည့်လည်​ကာ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ​လိုက်​ကြ​၏။


ယခု​မူကား နိုင်ငံ​တော်​အကြောင်း​ကို သင်​တို့​အားလုံး​အလယ်​၌ လှည့်လည်​ဟောပြော​ခဲ့​သော​ငါ​၏​မျက်နှာ​ကို သင်​တို့​မြင်​ရ​တော့မည်​မ​ဟုတ်​ကြောင်း ငါ​သိ​၏။


ထို့နောက် သူ​တို့​သည် ပေါလု​နှင့် ရက်​ကို​ချိန်းချက်​ပြီးမှ ပို၍​များစွာ​သော​သူ​တို့​နှင့်တကွ သူ​တည်းခို​ရာ​အရပ်​သို့ ရောက်လာ​ကြ​၏။ ပေါလု​သည် နံနက်​စောစော​အချိန်​မှစ၍ ညနေ​အချိန်​တိုင်အောင် ထို​သူ​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံ​ကာ မောရှေ​၏​ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို​ကိုးကား​၍ ယေရှု​အကြောင်း​ကို သူ​တို့​အား​ပြောပြ​စည်းရုံး​လေ​၏။


ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​အတွက် သီးသန့်​ရွေးချယ်​ထား​ခြင်း​ခံရ​၍ တမန်တော်​အဖြစ်​ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော ခရစ်တော်​ယေရှု​၏​အစေအပါး​ငါ​ပေါလု​သည် စာ​ရေး​လိုက်​ပါ​၏။


ထို့နောက် ကိုယ်တော်​သည် ကြွလာ​တော်မူ​၍ အဝေး​၌​ရှိ​သော​သင်​တို့​ကို​လည်းကောင်း၊ အနီး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း သင့်မြတ်​ငြိမ်းချမ်း​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။