ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
ရုသ 1:12 - မြန်မာ့စံမီသမ္မာကျမ်း ငါ့သမီးတို့၊ ပြန်သွားကြပါ။ ငါ အသက်ကြီးလှပြီ။ အိမ်ထောင်မပြုသင့်တော့။ အကယ်၍ ဤညတွင် အိမ်ထောင်ပြု၍သားမွေးနိုင်သည့်မျှော်လင့်ချက်ရှိသည်ဆိုလျှင်ပင် Common Language Bible အိမ်သို့ပြန်ကြလော့။ ငါသည်နောက်ထပ်အိမ် ထောင်ပြုရန်အရွယ်လွန်လေပြီ။ အကယ်၍ ငါ့မှာမျှော်လင့်စရာရှိသေးသဖြင့် ယခု ပင်အိမ်ထောင်ကျ၍သားများကိုရရှိသည် ဟုဆိုစေကာမူ၊- Garrad Bible ငါ့ သ မီး တို့၊ ငါ သည် အိမ် ထောင် ပြု ရန် အို မင်း လှ ပြီး ဖြစ် သော ကြောင့် ပြန် သွား ကြ လေ။ အ ကယ်၍ မျှော် လင့် စ ရာ ရှိ သေး သည် ဟု ငါ ဆို လျှင် လည်း ကောင်း၊ ယ နေ့ ညဉ့် ပင် အိမ် ထောင် ပြု၍ သား တို့ ကို ဖွား မြင် လျှင် လည်း ကောင်း၊ Judson Bible ငါ့သမီးတို့ ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍ လင်နှင့်မနေသင့်။ သို့မဟုတ် မျှော်လင့်စရာရှိသေးသည်ဟု ငါဆိုလျှင်လည်းကောင်း၊ ယနေ့ညမှာ လင်နေလျှင်လည်းကောင်း၊ သားတို့ကိုလည်း ဖွားမြင်လျှင်လည်းကောင်း၊ |
ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် “အသက်တစ်ရာရှိသောသူသည် သားကိုရနိုင်ပါမည်လော။ အသက်ကိုးဆယ်ရှိသောစာရာသည်လည်း သားဖွားနိုင်ပါမည်လော”ဟု စိတ်ထဲ၌တွေးလျက် ရယ်လေ၏။
ယုဒက မိမိ၏သားရှေလသည်လည်း သူ၏အစ်ကိုများကဲ့သို့ သေမည်ကိုစိုးရိမ်သဖြင့် မိမိ၏ချွေးမတာမာအား “ရှေလကြီးပြင်းသည်အထိ သင့်ဖခင်၏အိမ်၌ မုဆိုးမအဖြစ်နှင့်နေလော့”ဟု ဆိုလေ၏။ ထို့ကြောင့် တာမာသည်သွား၍ မိမိဖခင်၏အိမ်၌နေထိုင်လေ၏။
မုဆိုးမအဖြစ်စာရင်းသွင်းရမည့်သူသည် အသက်ခြောက်ဆယ်ထက်မနည်းရ။ သူသည် ယောက်ျားတစ်ဦးတည်းရှိခဲ့သည့် အမျိုးသမီးဖြစ်ပြီး
နောမိကလည်း “ငါ့သမီးတို့၊ ပြန်သွားကြပါ။ အဘယ်ကြောင့် ငါနှင့်အတူ လိုက်မည်နည်း။ သင်တို့ယောက်ျားရဖို့ ငါ့ဝမ်းထဲက သားမွေးနိုင်သေးသလော။
သူတို့ကြီးလာသည်အထိ သင်တို့အိမ်ထောင်မပြုဘဲ စောင့်နေကြမည်လော။ ငါ့သမီးတို့၊ ထိုသို့မဖြစ်သင့်။ ထာဝရဘုရားသည် ငါ့ကို ဆုံးမတော်မူသဖြင့် သင်တို့ထက် ငါပို၍ခါးသီးစွာခံစားရ၏”ဟု ဆို၏။