ထိုအခါ ထာဝရဘုရားက “မြောက်ဘက်မှဘေးအန္တရာယ်သည် ဤပြည်သူပြည်သားရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။
ယေရမိ 46:20 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်သည် အဆင်းလှသောနွားမတမ်းနှင့်တူ၏။ မြောက်အရပ်မှ မှက်ကောင်ရောက်လာနေပြီ။ Common Language Bible အီဂျစ်ပြည်သည်မြောက်အရပ်မှ မှက်ကိုက်ခံရသည့် လှပဆူဖြိုးသည်နွားမနှင့်တူ၏။ Garrad Bible အိ ဂျစ် ပြည် သည်၊ အ ဆင်း လှ သော နွား မ တန်း ဖြစ် သော် လည်း၊ မြောက် ပိုင်း မှ မှက် ဘေး သင့် ရောက် ခဲ့ ပြီ။ Judson Bible အဲဂုတ္တုပြည်သည် အဆင်းလှသောနွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ယှက်ခြင်းအကြောင်း ပေါ်လာ၏။ |
ထိုအခါ ထာဝရဘုရားက “မြောက်ဘက်မှဘေးအန္တရာယ်သည် ဤပြည်သူပြည်သားရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထိုနေ့ရက်သည် ရန်သူတို့ကို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရား လက်တုံ့ပြန်ရာနေ့ဖြစ်၏။ ဓားသည် ရန်သူတို့ကို ကျေနပ်သည်အထိ ဝါးမျိုမည်။ သူတို့သွေးကို သောက်မည်။ မြောက်ဘက်အရပ်၊ ယူဖရေးတီးမြစ်နား၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ ယဇ်ပူဇော်ပွဲကျင်းပလိမ့်မည်။
အီဂျစ်သမီးပျို အရှက်ကွဲလေပြီ။ မြောက်ပြည်သားတို့လက်သို့ ရောက်ရလေပြီ”ဟု မိန့်တော်မူ၏။
အပြေးမြန်သောသူလည်း ပြေးမလွတ်။ ခွန်အားကြီးသောသူလည်း မလွတ်မြောက်။ သူတို့သည် မြောက်အရပ် ယူဖရေးတီးမြစ်အနား၌ လဲကျသေဆုံးကြပြီတကား။
ထာဝရဘုရားက “ကြည့်ရှုလော့။ ရေသည် မြောက်အရပ်မှတက်လာ၍ မြစ်ရေလျှံသကဲ့သို့ လျှံတက်လိမ့်မည်။ ထိုရေသည် ပြည်နှင့်ထိုပြည်၌ရှိသမျှ၊ မြို့နှင့်မြို့သားရှိသမျှတို့ကို လွှမ်းမိုးလိမ့်မည်။ လူတို့ အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့ ညည်းတွားငိုကြွေးကြလိမ့်မည်။
ငါ့အမွေကို တိုက်ခိုက်လုယက်သောသူတို့၊ သင်တို့သည် ဝမ်းမြောက်လျက်၊ ရွှင်လန်းလျက်၊ တလင်းနယ်သောနွားမတမ်းကဲ့သို့ နင်းချေလျက်၊ စစ်မြင်းများကဲ့သို့ ဟီလျက်ရှိကြသော်လည်း
ဧဖရိမ်အမျိုးသည် တလင်းနယ်ရာတွင် ကျင့်သားရသောနွားမတမ်းဖြစ်၏။ တလင်းနယ်ရသည်ကိုလည်းနှစ်သက်သဖြင့် ငါသည် ချောမွတ်သောသူ့လည်ပင်းပေါ်တွင် ထမ်းပိုးတင်မည်။ ငါသည် ဧဖရိမ်အမျိုးကို ထမ်းပိုးထမ်းစေမည်။ ယုဒအမျိုးကို လယ်ထွန်စေမည်။ ယာကုပ်အမျိုးကို ထယ်ထိုးစေမည်။”