သင်၏အရှက် ပေါ်လိမ့်မည်။ မမြင်အပ်သောအရာကို မြင်ကြလိမ့်မည်။ ငါသည် လက်စားချေမည်။ မည်သူ့ကိုမျှ ချမ်းသာပေးမည်မဟုတ်။
ယေရမိ 13:26 - မြန်မာ့စံမီသမ္မာကျမ်း ငါကိုယ်တော်တိုင် သင့်အဝတ်ကို မျက်နှာဖုံးသည်အထိလှန်ပစ်မည်။ သင့်အရှက် ထင်ရှားလိမ့်မည်။ Common Language Bible ထာဝရဘုရားကိုယ်တော်တိုင်ပင်သင်တို့ ၏အဝတ်များကိုဆွဲချွတ်တော်မူ၍ သင် တို့အားအရှက်ကွဲစေတော်မူလိမ့်မည်။- Garrad Bible လွင် ပြင် ရှိ ကုန်း ပေါ် တွင်၊ သင်၏ မှား ယွင်း ခြင်း၊ ဟီ ခြင်း၊ ယုတ် မာ စွာ ပြည် တန် ဆာ လုပ် ခြင်း တည်း ဟူ သော စက် ဆုပ် ဖွယ် အ မှု များ ကို၊ ငါ သိ မြင် သည် နှင့် အ ညီ၊ သင့် မျက် နှာ ပေါ် ၌၊ အ ရှက် ထင် ရှား သည့် တိုင် အောင် ထ မီ ကို လှစ် မည်။ အို ယေ ရု ရှ လင် မြို့၊ သင် သည် အ မင်္ဂ လာ ရှိ လေ စွ။ သန့် ရာ မ ရောက် လျက် နေ သည် မှာ၊ မည် မျှ ကြာ အံ့ နည်း။ Judson Bible ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှာ၊ သင်၏အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။ |
သင်၏အရှက် ပေါ်လိမ့်မည်။ မမြင်အပ်သောအရာကို မြင်ကြလိမ့်မည်။ ငါသည် လက်စားချေမည်။ မည်သူ့ကိုမျှ ချမ်းသာပေးမည်မဟုတ်။
သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
သို့သော် ငါသည် ဧသောကို ပြောင်တလင်းခါစေမည်။ သူသည် ပုန်းရှောင်၍မရအောင် သူ၏ပုန်းခိုရာကို ငါဖော်ပြမည်။ သူ၏သားမြေး၊ ညီအစ်ကို၊ အိမ်နီးချင်းတို့ပျက်စီးလိမ့်မည်။ သူလည်း ရှိတော့မည်မဟုတ်။
ဂျေရုဆလင်မြို့သည် အပြစ်ကျူးလွန်လေပြီ။ ထို့ကြောင့် ရွံရှာဖွယ်ဖြစ်လေပြီ။ သူ့ကိုဂုဏ်ပြုချီးမွမ်းသောသူရှိသမျှတို့သည် သူ၌အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်သဖြင့် သူ့ကိုစက်ဆုပ်ရွံရှာကြလေပြီ။ သူသည်လည်း ညည်းတွားလျက် လှည့်ထွက်သွားလေပြီ။
သင့်ကိုသာယာမှုပေးသော သင့်ချစ်သူများမှစ၍ သင်မုန်းတီးသောသူများအားလုံးကို အရပ်ရပ်မှစုရုံးစေပြီးလျှင် သင့်ကိုဆန့်ကျင်စေမည်။ သူတို့အား သင်၌ အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ငါပြမည်။ သင်၌ အဝတ်မပါအချည်းစည်းဖြစ်ခြင်းကို သူတို့မြင်ရလိမ့်မည်။
သူတို့သည် သင့်ကိုမုန်းသဖြင့် သင့်ချွေးနှဲစာရှိသမျှကိုယူ၍ သင့်ကို အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။ သင်သည် အရှက်မရှိ ပြည့်တန်ဆာလုပ်ခဲ့ပုံများ၊ ညစ်ညမ်းသောအမှုပြုခဲ့ပုံများ၊ ဖောက်ပြန်မှားယွင်းခဲ့ပုံများကို ငါဖော်ထုတ်မည်။
ယခုမှာ သူ့ချစ်သူများရှေ့တွင် သူ့အရှက်ကို ပေါ်စေမည်။ မည်သူမျှ သူ့ကို ငါ့လက်မှကယ်နိုင်မည်မဟုတ်။
‘ငါ့ချစ်သူတို့က ငါ့ကိုလက်ဆောင်ပေးသည်’ဟုဆိုသည့် သူ၏စပျစ်ပင်၊ သဖန်းပင်တို့ကိုလည်း ငါဖျက်ဆီး၍ တောအုပ်ဖြစ်စေကာ တောရိုင်းတိရစ္ဆာန်တို့ ကျက်စားရာဖြစ်စေမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကိုဆန့်ကျင်၍ သင့်အဝတ်ကို သင့်မျက်နှာအုပ်သွားသည်အထိ လှန်ပစ်မည်။ ငါသည် သင် အဝတ်အချည်းစည်းရှိသည်ကို လူမျိုးတကာတို့အား ပြ၍ သင်အရှက်ကွဲသည်ကိုလည်း တိုင်းနိုင်ငံတို့အား ပြမည်။