အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။
ယေရမိ 1:13 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ထံသို့ရောက်လာ၍ “သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “မြောက်ဘက်မှမျက်နှာမူသည့် ဆူပွက်နေသောအိုးကိုမြင်ပါ၏”ဟု လျှောက်၏။ Common Language Bible ထိုနောက်ထာဝရဘုရားသည် ငါ့အားမိန့်တော် မူပြန်၏။ ကိုယ်တော်က``သင်သည်အခြားအဘယ် အရာကိုမြင်သေးသနည်း'' ဟုမေးတော်မူ လျှင်၊ ငါက``မြောက်အရပ်တွင် ဆူပွက်နေသောအိုး ကင်းကိုမြင်ပါသည်။ ထိုအိုးကင်းသည်တောင် ဘက်သို့စောင်း၍ မှောက်တော့မည်ကဲ့သို့ရှိ ပါ၏'' ဟုပြန်လည်လျှောက်ထား၏။ Garrad Bible ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် သည်၊ ငါ သို့ ထပ် ရောက် သည် မှာ၊ မည် သည့် အ ရာ ကို မြင် ပြန် သ နည်း ဟု မေး တော် မူ သော်၊ မြောက် မျက် နှာ သို့ ကျော ခိုင်း လျက် ရှိ သော၊ င ရဲ အိုး ကင်း ကို မြင် ရ ပါ သည် ဟု ငါ လျှောက် လျှင်၊ Judson Bible တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ဆီသို့ရောက်၍၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင် ငါက၊ အကျွန်ုပ်သည် ဆူပွက်သောအိုးကင်းကို မြင်ပါ၏။ မြောက်ဘက်သို့ မျက်နှာပြုလျက်ရှိပါ၏ဟု လျှောက်လျှင်၊ |
အရှင်ဖာရောမင်းကြီးသည် အိပ်မက်ကို နောက်တစ်ကြိမ်ထပ်၍မက်သည်မှာ ထိုအမှုကို ဘုရားသခင်အတည်ပြုတော်မူပြီဖြစ်၍ ဘုရားသခင်သည် ထိုအမှုကိုအလျင်အမြန်ပြုတော်မူမည်ဖြစ်၏။
ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။
ထိုအခါ ထာဝရဘုရားက ငါ့အား “ယေရမိ၊ မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “သဖန်းသီးများကို မြင်ပါ၏။ ကောင်းသောသဖန်းသီးများသည် အလွန်ကောင်းပါ၏။ မကောင်းသောသဖန်းသီးများသည် စား၍မရအောင် ပုပ်နေပါ၏”ဟု ပြန်လျှောက်၏။
သူတို့က ‘အိမ်ဆောက်ရမည့် အချိန်မရောက်သေးပါ။ ဤမြို့ကား ဟင်းအိုး၊ ငါတို့ကား အသားဖြစ်၏’ဟု ပြောတတ်ကြ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသည့်အတိုင်း မြို့ထဲ၌ သင်တို့ကြောင့်ပုံနေသောအသေကောင်တို့သည် အသားဖြစ်ပြီး မြို့သည် အိုးဖြစ်မည်။ သင်တို့မူကား မြို့မှ နှင်ထုတ်ခံရမည်။
သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘ငါမိန့်ဆိုသောစကားအလုံးစုံသည် ကြန့်ကြာခြင်းမရှိ အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ကိုယ်တော်က “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “နွေရာသီသီးနှံထည့်ထားသောတောင်းကို မြင်ပါ၏”ဟု လျှောက်ရာ ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့၏နိဂုံးသည် ရောက်လာလေပြီ။ သူတို့ကို ငါအလွတ်ပေးတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ငါ့အား “သင်မည်သည့်အရာကို မြင်သနည်း”ဟု မေးသော် ငါကလည်း “ထိပ်တွင် ဖလားတစ်ခုပါပြီး ရွှေအတိဖြစ်သောဆီမီးခုံကို မြင်ရပါ၏။ ထိုဆီမီးခုံတွင် အလက်ခုနစ်ခုပါ၏။ ထိုအလက်များထိပ်တွင် မီးခွက် ခုနစ်ခုပါရှိ၏။