Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 1:13 - Common Language Bible

13 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော် မူ​ပြန်​၏။ ကိုယ်​တော်​က``သင်​သည်​အ​ခြား​အဘယ် အ​ရာ​ကို​မြင်​သေး​သ​နည်း'' ဟု​မေး​တော်​မူ လျှင်၊ ငါ​က``မြောက်​အ​ရပ်​တွင် ဆူ​ပွက်​နေ​သော​အိုး ကင်း​ကို​မြင်​ပါ​သည်။ ထို​အိုး​ကင်း​သည်​တောင် ဘက်​သို့​စောင်း​၍ မှောက်​တော့​မည်​ကဲ့​သို့​ရှိ ပါ​၏'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် သည်၊ ငါ သို့ ထပ် ရောက် သည် မှာ၊ မည် သည့် အ ရာ ကို မြင် ပြန် သ နည်း ဟု မေး တော် မူ သော်၊ မြောက် မျက် နှာ သို့ ကျော ခိုင်း လျက် ရှိ သော၊ င ရဲ အိုး ကင်း ကို မြင် ရ ပါ သည် ဟု ငါ လျှောက် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဒု​တိ​ယ​အ​ကြိမ် ငါ့​ဆီ​သို့​ရောက်၍၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင် ငါ​က၊ အ​ကျွန်ုပ်​သည် ဆူ​ပွက်​သော​အိုး​ကင်း​ကို မြင်​ပါ၏။ မြောက်​ဘက်​သို့ မျက်​နှာ​ပြု​လျက်​ရှိ​ပါ၏​ဟု လျှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဒုတိယအကြိမ် ငါ့​ထံသို့​ရောက်လာ​၍ “သင်​သည် မည်သည့်​အရာ​ကို​မြင်​သနည်း​”​ဟု မိန့်​တော်မူ​လျှင် ငါ​က “​မြောက်ဘက်​မှ​မျက်နှာမူ​သည့် ဆူပွက်​နေ​သော​အိုး​ကို​မြင်​ပါ​၏​”​ဟု လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 1:13
10 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အိပ်​မက်​ကို​နှစ်​ကြိမ်​တိုင် အောင်​မြင်​မက်​ရ​သ​ဖြင့် အ​ဋ္ဌိပ္ပါယ်​မှာ​ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို​ပြ​ဋ္ဌာန်း​ပြီး​ဖြစ် ၍​မ​ကြာ​မီ​စီ​ရင်​တော်​မူ​လိမ့်​မည်။


ငါ​မြွက်​ဆို​သည့်​နှုတ်​က​ပတ်​စ​ကား​သည်​လည်း ဤ​နည်း​အ​တိုင်း​ဖြစ်​လိမ့်​မည်။ ထို​နှုတ်​က​ပတ်​တော်​သည်​ငါ​၏​အ​ကြံ​အ​စည် တော်​ကို ပြည့်​စုံ​စေ​လိမ့်​မည်။ ငါ​စေ​ခိုင်း​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​လိမ့်​မည်။


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ သင်​အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း'' ဟု​မေး တော်​မူ​၏။ ငါ​က​လည်း``သင်္ဘော​သ​ဖန်း​သီး​များ​ကို​မြင် ပါ​သည်။ ကောင်း​သော​သင်္ဘော​သ​ဖန်း​သီး​များ သည် အ​လွန်​ကောင်း​၍​ပုပ်​သော​သင်္ဘော​သ​ဖန်း သီး​များ​မှာ​စား​၍​မ​ရ​နိုင်​လောက်​အောင်​ပုပ် ၍​နေ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။


သူ​တို့​က`ငါ​တို့​သည်​အိမ်​များ​ကို​မ​ကြာ​မီ တစ်​ဖန်​ဆောက်​လုပ်​ကြ​မည်။ ဤ​မြို့​သည်​အိုး ကင်း​နှင့်​တူ​၍ ငါ​တို့​ကား​အိုး​ကင်း​ထဲ​မှ အ​မဲ​သား​နှင့်​တူ​ကြ​၏' ဟု​ဆို​ကြ​၏။-


သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​ကား``ဤ​မြို့​သည်​အ​မှန်​ပင်​အိုး​ကင်း နှင့်​တူ​လိမ့်​မည်။ သို့​ရာ​တွင်​အ​မဲ​သား​က အ​ဘယ်​အ​ရာ​ဖြစ်​သ​နည်း။ သင်​တို့​လက် ဖြင့်​သေ​ရ​သည့်​အ​လောင်း​များ​ပင်​ဖြစ်​ပါ သည်​တ​ကား။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့ အား​မြို့​ပြင်​သို့​ပစ်​ထုတ်​လိုက်​မည်။-


သို့​ဖြစ်​၍​ကြန့်​ကြာ​မှု​ရှိ​တော့​မည်​မ​ဟုတ်။ ငါ ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ​ဖြစ် ကြောင်း ထို​သူ​တို့​အား​ဆင့်​ဆို​လော့။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အာ​မုတ် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း'' ဟု မေး တော်​မူ​သ​ဖြင့်၊ ငါ​က​လည်း``အ​သီး​မှည့်​များ​ထည့်​ထား​သော ခြင်း​တောင်း​တစ်​ခု​ကို​မြင်​ရ​ပါ​သည်'' ဟု လျှောက်​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​တို့​သည်​မှည့် ရော်​၍ ကြွေ​ပျက်​တော့​မည့်​နောက်​ဆုံး​သော ကာ​လ​သို့​ရောက်​လာ​ပြီ။ ငါ​သည်​သူ​တို့ ၏​ပြစ်​မှု​များ​ကို​သည်း​မ​ခံ​တော့​ဘဲ အ​ပြစ်​ပေး​ရ​တော့​မည်။-


``အ​ဘယ်​အ​ရာ​ကို​သင်​မြင်​ပါ​သ​နည်း'' ဟု​မေး​၏။ ငါ​က​လည်း``ရွှေ​မီး​တင်​ခုံ​တစ်​ခု ကို​မြင်​ပါ​သည်။ မီး​တင်​ခုံ​တိုင်​ထိပ်​တွင်​ဆီ ခွက်​တစ်​ခု​ရှိ​ပါ​သည်။ မီး​တင်​ခုံ​ပေါ်​တွင် မီး​စာ​ခု​နစ်​စ​စီ​ရှိ​သော​မီး​ခွက်​ခု​နစ်​လုံး ရှိ​ပါ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ