ယေဇကျေလ 44:25 - မြန်မာ့စံမီသမ္မာကျမ်း လူသေကောင်ရှိရာသို့သွားခြင်းဖြင့် ကိုယ်ကိုမညစ်ညူးစေရ။ သို့သော် ကိုယ့်မိဘ၊ သားသမီး၊ ညီအစ်ကို၊ အပျိုစင်ညီမအတွက်ကိုမူ ကိုယ်ကိုညစ်ညူးစေနိုင်၏။ Common Language Bible ``ယဇ်ပုရောဟိတ်သည်လူသေအလောင်း ကိုတို့ထိခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာ ရေးအရညစ်ညမ်းအောင်မပြုရ။ သို့ရာတွင် သူသည်မိမိ၏မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မရှိသောနှမ၊ အစ်မတို့၏အလောင်း ကိုမူတို့ထိနိုင်လေသည်။- Garrad Bible မိ ဘ၊ သား သ မီး၊ ညီ အစ် ကို နှင့် လင် မ ယူ သေး သော နှမ တို့ ပြင်၊ သူ သေ တို့ ထံ ချဉ်း ကပ် ၍၊ ကိုယ် ကို မ သန့် အောင် မ ပြု ကြ ရ။ Judson Bible အသေကောင်ကိုချဉ်း၍ ကိုယ်ကို မညစ်ညူးစေရ။ သို့ရာတွင်၊ ကိုယ်မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ၏။ |
အာရုန်၏သားစဉ်မြေးဆက်တို့ထဲမှ တစ်စုံတစ်ယောက်သည် အနာကြီးရောဂါစွဲလျှင်၊ သို့မဟုတ် အရိအရွဲထွက်လျှင် ထိုသူသည် မစင်ကြယ်မချင်း သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။ အသေကောင်ကြောင့် မစင်မကြယ်ဖြစ်သွားသောအရာ တစ်စုံတစ်ခုကို ထိမိသောသူဖြစ်စေ၊ သုက်ရည်ထွက်သောသူဖြစ်စေ၊
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။