မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
ယေဇကျေလ 43:18 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဘုရားရှင်ထာဝရဘုရားက ‘ယဇ်ပလ္လင်ကို တည်ဆောက်ပြီးသောနေ့တွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်၊ အသွေးကို ဖျန်းရန် ယဇ်ပလ္လင်နှင့်ဆိုင်သောပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏’ဟု မိန့်တော်မူ၏။ Common Language Bible အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ငါပြောသည်ကိုနားထောင်လော့။ ယဇ် ပလ္လင်ကိုတည်ဆောက်ပြီးသောအခါသင်သည် ယဇ်ကောင်များကိုမီးရှို့ပူဇော်ခြင်း၊ ယဇ်ကောင် များ၏သွေးဖြင့်ယဇ်ပလ္လင်ကိုပက်ဖျန်းခြင်း ဖြင့်ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။- Garrad Bible တစ် ဖန်၊ အ ချင်း လူ့ သား၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ ပူ ဇော် ရာ ပ လ္လင် တော် ကို တည် ပြီး သည့် နေ့ ရက် ၌၊ မီး ရှို့ ရာ သ က္ကာ ဆက် ကပ် ခြင်း၊ အ သွေး ကို သွန်း ပက် ခြင်း ဆိုင် ရာ ထုံး ဖွဲ့ ချက် များ ကား၊ Judson Bible တစ်ဖန် အချင်းလူသား၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ မီးရှို့ရာယဇ်ကိုပူဇော်၍ အသွေးကိုဖျန်းဖို့ရာ၊ ယဇ်ပလ္လင်ကိုတည်သောနေ့၌ ကျင့်ရသောတရားဟူမူကား၊ |
မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
ထိုသူက ငါ့အား “အချင်းလူသား၊ မတ်တတ်ရပ်လော့။ သင့်ကို ငါစကားပြောမည်”ဟု ဆို၏။
သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီး စင်ကြယ်စေရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းမှ စင်ကြယ်အောင် ပြုရမည်။
ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏သွေးထက် သာ၍မြတ်သောအရာကိုမြွက်ဆိုသည့် ပက်ဖျန်းသောသွေးတော်ထံသို့လည်းကောင်း ချဉ်းကပ်ကြ၏။
အကြောင်းမူကား ညစ်ညူးခြင်းရှိသောသူတို့အပေါ်ပက်ဖျန်းသော ဆိတ်သွေး၊ နွားလား၏သွေးနှင့် နွားမတမ်း၏ပြာတို့သည် ကိုယ်ကာယကိုစင်ကြယ်စေ၍ သူတို့ကိုသန့်ရှင်းစေသည်ဆိုလျှင်