ပြတင်းပေါက်သုံးတန်းပါရှိပြီး တစ်တန်းနှင့်တစ်တန်း မျက်နှာချင်းဆိုင်လျက်ရှိ၏။
ယေဇကျေလ 40:33 - မြန်မာ့စံမီသမ္မာကျမ်း အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။ Common Language Bible ယင်းမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည် အခြားမုခ်ပေါက်များမှာကဲ့သို့ပင်အတိုင်းအတာရှိကြ၏။ မုခ်ပေါက်ပတ်လည်နှင့်အဝင်ခန်း၌ပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။- Garrad Bible မုတ် ဆောင် ကင်း တဲ များ၊ တံ ခါး နံ ရံ များ ပါ၊ အ ထက် ပ မာ ဏ အ လိုက် တိုင်း၏။ တံ ခါး နှင့် မုတ် ဆောင် ပတ် လည် တွင်၊ လေ သာ ပေါက် များ ရှိ၏။ တံ ခါး အ လျား အ တောင် ငါး ဆယ်၊ အ နံ နှစ် ဆယ့် ငါး တောင် တည်း။ Judson Bible အခန်းငယ်များ၊ တိုင်များ၊ မုခ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည်၌လည်းကောင်း၊ မုခ်များ၌လည်းကောင်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံ နှစ်ဆယ်ငါးတောင်ရှိ၏။ |
ပြတင်းပေါက်သုံးတန်းပါရှိပြီး တစ်တန်းနှင့်တစ်တန်း မျက်နှာချင်းဆိုင်လျက်ရှိ၏။
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
မုခ်ဆောင်တစ်ဘက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ တိုင်များနှင့်ဆင်ဝင်သည် ယခင်တိုင်းခဲ့သောမုခ်ဆောင်နှင့် အတူတူဖြစ်၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
ထိုမုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်တို့ ပါရှိ၏။ ထိုပြတင်းပေါက်တို့သည် အခြားပြတင်းပေါက်တို့နှင့်တူ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
ထိုမုခ်ဆောင်၏အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်နှင့် ဆင်ဝင်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်သည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်တွင် ပြတင်းပေါက်များရှိ၏။ ထိုမုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။