သင်၏သားတို့သည် အားနည်းမောပန်းနေကြပြီ။ လမ်းရှိသမျှ၌ ကျော့ကွင်းမိသောတောဆိတ်ကဲ့သို့ လဲလျောင်းနေကြပြီ။ သူတို့သည် ထာဝရဘုရား၏အမျက်တော်၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ပြည့်လေပြီ။
ယေဇကျေလ 39:19 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အဖို့ပူဇော်သော ယဇ်ပူဇော်ပွဲကြီးတွင် သင်တို့သည် အဆီကိုဝအီအောင်စားရမည်၊ သွေးကိုလည်း မူးဝေအောင်သောက်ရမည်။ Common Language Bible ထိုသူတို့သည်ယင်းသို့ယဇ်ကောင်များ သဖွယ်အသတ်ခံရကြသောအခါ ငှက် နှင့်တိရစ္ဆာန်များသည်အဆီကိုဝစွာစား ၍သွေးကိုမူးယစ်သည့်တိုင်အောင်သောက် ရကြလိမ့်မည်။- Garrad Bible သင် တို့ အ ဖို့ ငါ စီ ရင် ပြီး ယဇ် ဆီ ဥ ကို ဝ စွာ စား ခွင့်၊ အ သွေး ကို ယစ် မူး စွာ သောက် ခွင့် ရ လျက်၊ စား ပွဲ တော်၌၊ Judson Bible သင်တို့အဖို့ ငါစီရင်သောယဇ်ပွဲ၌ ဆီဥကို ဝစွာ စားရကြလိမ့်မည်။ အသွေးနှင့် ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည်။ |
သင်၏သားတို့သည် အားနည်းမောပန်းနေကြပြီ။ လမ်းရှိသမျှ၌ ကျော့ကွင်းမိသောတောဆိတ်ကဲ့သို့ လဲလျောင်းနေကြပြီ။ သူတို့သည် ထာဝရဘုရား၏အမျက်တော်၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ပြည့်လေပြီ။
စစ်သူရဲတို့၏အသားကိုစား၍ မြေကြီးမင်းတို့၏သွေးကို သောက်ရကြလိမ့်မည်။ ဗာရှန်ပြည်မှ ဆူဖြိုးသောတိရစ္ဆာန်များဖြစ်သည့် သိုးသငယ်၊ သိုးထီး၊ ဆိတ်ထီး၊ နွားထီးတို့၏အသားကို စားရကြလိမ့်မည်။
ငါ့စားပွဲမှ မြင်း၊ မြင်းစီးသူရဲ၊ စစ်သူရဲအပါအဝင် စစ်သည်အပေါင်းတို့၏အသားကို သင်တို့ဝအီစွာစားရလိမ့်မည်’ဟု မိန့်တော်မူ၏။