ဘုရားရှင်ထာဝရဘုရားက ‘လူသူကင်းမဲ့သောပြည်များတွင် လူသူအကင်းမဲ့ဆုံးပြည် ဖြစ်ရလိမ့်မည်။ ခြောက်ကပ်သောမြို့များတွင် အခြောက်ကပ်ဆုံးမြို့ ဖြစ်ရလိမ့်မည်။
အီဂျစ်ပြည်သည်ကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးသောအရပ်ဖြစ်လျက် ထိုပြည်ရှိမြို့တို့သည်လုံးဝယိုယွင်း ပျက်စီး၍ကျန်ရစ်ကြလိမ့်မည်။-
ဆိတ် ညံ ရာ ရောက် သော တိုင်း နိုင် ငံ များ အ လယ် တွင်လည်း ကောင်း၊ ဖုန်း ဆိုး ကုန်း ဖြစ် သော မြို့ များ အ လယ် တွင် လည်း ကောင်း၊ မြို့ ရွာ များ နှင့် တ ကွ ဆိတ် ညံ ရာ ရောက် လိမ့် မည်။
ပျက်စီးသောပြည်တို့တွင် ပျက်စီးလျက်ရှိကြ၍၊ လူဆိတ်ညံသောမြို့တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင်ကြလိမ့်မည်။
ငါသည် အီဂျစ်ပြည်ကို လူသူကင်းမဲ့သောပြည်တကာထက် လူသူအကင်းမဲ့ဆုံးပြည် ဖြစ်စေမည်။ ပြိုပျက်ရာမြို့များကြားတွင် အီဂျစ်မြို့များသည်လည်း အနှစ်လေးဆယ်ပတ်လုံး ပြိုပျက်နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အတိုင်းတိုင်းအပြည်ပြည်သို့ တကွဲတပြားဖြစ်စေမည်’ဟု မိန့်တော်မူ၏။
အီဂျစ်ပြည်သည် လူဆိတ်ညံရာ၊ ပြိုပျက်ရာ ဖြစ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။ သင်က နိုင်းမြစ်ကို ငါပိုင်၏၊ ငါ့အဖို့ ငါဖန်ဆင်းပြီဟု ဆိုခဲ့သောကြောင့်